ယုံကြည်မည်ဆိုလျှင်ဖြင့်
~~~~~~~~~~~~~~~~ အပိုင်း - ( ၂၃ )''ညီမ ကေသီ ကလှတပတလေးပဲဆိုတော့ မိတ်ကပ်ပါးပါးလေးလိမ်းလိုက်တာနဲ့
ကို မျက်နှာက တော်တော်လေးကို ကြည့်ကောင်းနေပါပြီ။ ရထားတဲ့ ယောကျာ်းက
ဥစ္စာပေါ ရုပ်ချောဆိုတော့ နှစ်ယောက်သားရဲ့ လိုက်ဖက်မှုက နေနဲ့လ ရွှေနဲ့မြ
ပဲ မဟုတ်လား´´ဆိုင်မှာလာပြင်နေကျ ဖောက်သည်ကို စိတ်ချမ်းသာစေ
သည့်စကားလုံးလှလှတို့နှင့် ပစ်ပေါက်နေသည့် မထက်၏ချိုမြိန်သောစကားဖြစ်သည်။လူဆိုသည့်အမျိုးက အရှိကို အရှိအတိုင်းပြောသည်ထက် တမင်ပင် လုပ်ဇာတ်ခင်းပြီး စကားလုံးလေးကို လေချိုသွေးပြီး ကြိုက်တတ်ကြသည့်
အမျိုးမို့ မထက်အနေနှင့် ပြောတတ်ဆိုတတ်လိုက်ခြင်း။ခန္ဒာကိုယ်ပေါ်မှာ ၀တ်ကောင်းစားလှတွေဝတ်ထားပြီး ပါးပြင်
ထက်မှာ ခေတ်ပေါ်မိတ်ကပ်ကို ဖိဖိသိပ်သိပ်လိမ်းခြယ်ခံနေသည့် သူမက မထက်
ပြောသည့်စကားအောက်မှာ ပြုံးလိုပြုံးပြောလိုပြောနှင့် အတိုင်အဖောက်ညီသမျှ
ကို ဧည့်ခံဆိုဖာထိုင်ခုံပေါ်မှာ ထိုင်ပြီး စောင့်နေသည့် သူမ၏အမျိုးသားကအတိုင်းသားကြားနေမိသည်။''ဒါပေါ့ မထက်ရယ် ၊ အခုလည်း မောင့်ပါတနာ တစ်ယောက်ရဲ့ ဆိုင်သစ်ဖွင့်ပွဲကို
တက်မလို့လေ ၊ ကေသီတို့မင်္ဂလာဆောင်တုန်းက မထက်ရဲ့ အစွန်းကိုသိထားတာဆို
တော့ ဘာပွဲပဲရှိရှိ မထက်နဲ့မှ အဆင်ပြေတာ ။ ခုလည်း မထက်ကိုပဲ ရွေးချယ်လိုက်
တာက မထက်တော်တာသိလို့ ၊ ပြီးတော့ မထက်နဲ့ ကေသီက စကားပြောရတာအ
ဆင်ပြေတော့ ဘာပွဲရှိရှိ မထက်မှ မထက်ပဲ ´´ပြောရင်း သူမက ခစ်ခနဲရယ်လိုက်သေး။ သူရယ်သည်ကို
ဆံပင်ကို အလှဆံထုံးလေးထုံးပေးနေရင်းက နားထောင်ရင်း မထက်က အလိုက်သင့်
ပြုံးထားသည်။ပြီးမှ လိုအပ်သည်ကို မထက်စိတ်ကြိုက်ဆင်ပေးသည်မို့ကောင်မလေးက အလိုက်သင့်ငြိမ်ပေးနေသည်။ အတိုင်အပေါက်ညီစွာ စကားဖောက်သည်ချသမျှကို ခင်ပွန်းဖြစ်သူက ဧည့်ခုံမှာထိုင်ရင်း နားထောင်ပြီး သူမ ပြင်ဆင်ပြီးသည်
အထိ စိတ်ရှည်ရှည်နှင့်ထိုင်စောင့်ပေးနေရှာသည်။
YOU ARE READING
ချစ်သော ပို၍ ချစ်သော ( Ongoing )
Non-FictionUnicode မင်းနဲ့ငါ့ရဲ့ သံယောဇဉ်က လွယ်လွယ်ထားခဲ့ကြတာမှ မဟုတ်တာ။ဒီတော့ ဒီကြိုးတန်းလေးကို ငါ့ဘက်ကစပြီးဘယ်တော့မှ ပြတ်တောက်ခံမည်မဟုတ်။ ( သတိုး ) ဒီအချစ်က သာမန်အချစ်ထက်ပိုတယ်ဆိုတာ ငါ့စိတ်ကလက်မခံနိုင်ပေမယ့် ငါ့နှလုံးသားက သူ့အလိုလို လက်ခံပေးနေမှတော့ သေချာတယ်...