အပိုင်း -.၁၈

235 13 3
                                    

ဘဝနွံ
.........   အပိုင်း - ( ၁၈ )


                                       '' သက်သာတယ်လား´´

                                  ဟူး.......!!

''မေလတ် ၊ ရော့...´´

                                မထက်က ဧည့်ခန်းမှာ ထိုင်ရင်းမေးသည်။ အေးသွယ်က မထက်
ကိုတစ်ချက်ကြည့်ပြီး မျက်နှာချုံ့မဲ့မဲ့လေးလုပ်ကာ သက်ပြင်းချသည်။ လှလှက
တော့ နောက်ဖေးခန်း ကနေ ထွက်လာကာ လက်ထဲမှာ ကိုင်ဆောင်လာတဲ့ ရေခွက်
ကို အေးသွယ်ကို ပေး၏။ အေးသွယ်က ရေခွက်ကို လှမ်းယူကာ စားပွဲခုံမှာတင်ထား
သည့် ဆေးထည့်ထားသည့် ခွက်ကို ကောက်ယူကာ ရေနှင့် မျှောချလိုက်သည်။

''ဖြစ်လိုက်ရင် အဆန်းချည်းပဲအေ မိသွယ်...ငါ ပြောမပြောချင်တော့ဘူး´´

                              ကိုင်ဆောင်လာတဲ့ လက်ကိုင်အိတ်နှင့် ဖုန်းကို ဒီအတိုင်း စားပွဲခုံ
ပေါ်မှာ ပစ်တင်လိုက်ကာ စိတ်ပျက်လက်ပျက်နှင့်ပင် ဧည့်ခန်း ထိုင်ခုံမှာ ထိုင်နေရင်း
မထက်က အေးသွယ်ကို ကြည့်ရင်း ပြစ်တင်စကားတွေဆိုပြန်သည်။ အေးသွယ်က
တော့ သူမ စကားကို ဘာမှပြန်မပြောပဲ နားစွန့်ထောင်နေသည်။ လှလှကတော့ ပြန်
ပြီးနောက်ဖေးဘက်ကို ဝင်သွားသည်။ ပြီးမှ သောက်ရေတစ်ခွက်ခပ်ယူရင်း ဧည့်ခန်း
မှာ ထိုင်နေတဲ့ မထက်ကို လျှောက်လာကာ ကမ်းပေးသည်။ မထက်လည်း လှလှယူ
ပေးသည့် ရေ အေးအေးလေးတစ်ခွက်ကို တစ်ခါတည်းနှင့် ကုန်အောင်မော့သောက်
လိုက်သည်။ ပြီးမှ ရေခွက်ကို စားပွဲပေါ်တင်တော့ လှလှလည်း ဧည့်ခံစားပွဲဝိုင်းခုံနား လေးက ထိုင်ခုံလေးမှာဝင်ထိုင်သည်။

''မေလတ်က ဘာဖြစ်တာလဲဟင်´´

                                လှလှက ဝင်ထိုင်ရင်း မေးသည်။ အေးသွယ်က ဘာမှပြန်မဖြေ။
မထက်ကတော့ ထိုင်နေရင်းကနေပြီး အေးသွယ်ကို တစ်ချက်ကြည့်သည်။ ပြီးမှ
လှလှ ဘက်ကို မျက်နှာချင်းဆုံကာ ပြော၏။

''ဘာဖြစ်ရမလဲ ........´´

                                   မထက်က ပြောလက်စ စကားကို ဒီအတိုင်းဆက်မပြောပဲ ရပ်
လိုက်သည်။လှလှလည်း ပိုပြီးစိတ်ဝင်တစားနှင့် မထက်နှုတ်က ထွက်ကျလာမည့်
စကားကို နားထောင်နေသည်။

ချစ်သော ပို၍ ချစ်သော ( Ongoing )Hikayelerin yaşadığı yer. Şimdi keşfedin