ယုံကြည်မည်ဆိုလျှင်ဖြင့်
................................... အပိုင်း - < ၁၄ >'' အိန္ဒြာ ငါပြန်တော့မယ်ဟာ...´´
''ဟင်...!!´´
ရုတ်တရက်ကောက်ကာငင်ကာ နေရာ၌ လှလှ လှည့်ပြန်ထွက်
မည်ပြုသည်မို့.....''ဟဲ့ ဘယ်တုန်း ၊ နေဦးလေ...´´
လှလှကို အိန္ဒြာ ဆတ်ခနဲ လှလှလက်ကို ဆွဲလိုက်သည်။ ပြီးလျှင်.....!''နေဦးလေဟာ ...အေးဆေးပေါ့´´
လှလှ ပြန်လှည့်ကြည့်၏။
''ဘာလေ..... နှစ်ယောက် က သိနေကြတာလား....!!´´
အိန္ဒြာမှ လှလှ လက်ထဲကိုစားပွဲပေါ်တင်ထားသည့် ၀ီစကီ တစ်ခွက် ကမ်းပေးသည်။
''ငါ ဒါတွေမသောက်ဘူး အိန္ဒြာ ...´´
''သြော် ... ဒါဆို '၀ိုင်´သောက်လေ၊ '၀ိုင်´ လောက်တော့ဖြစ်တယ်မလား!!´´
''၀ိုင် ဆိုရင် သောက်မယ်....´´
အိန္ဒြာကမ်းပေးသည့် ၀ိုင် ခွက်ကို လှလှ လက်ခံပြီးတစ်
ငုံသောက်လိုက်သည်။''ဟုတ်တယ်....´´
လှလှက ၀ိုင် ခွက်အား ကိုင်ရင်း တစ်ငုံ သောက်နေဆဲမှာ
ပင် စေတန် နှုတ်က ထွက်ကျလာသည့်စကားပင်။ ထိုစကားကြောင့်လှလှ သူ့ကို မျက်နှာချင်းဆုံပြီးကြည့်လိုက်ချိန်တွင် စေတန့် မျက်ဝန်းက လှလှကို စူးရှစွာ ကြည့်နေ၏။ လှလှလည်း မျက်နှာချင်း တစ်ချက်ဆုံပြီး မျက်နှာကို လွှဲလိုက်သည်။''သိတာတော့ သိပ်မကြာသေးဘူး။ ဒီနေ့ နေ့လယ် ကပဲ စသိတာ´´
''ဟယ် ... ဒါဆို အဲ့ဒီ သိတဲ့ ဇာတ်လမ်းလေး စပါဦး´´
ဝိုင်ခွက်ကို လက်ထဲကိုင်ထားရင်းမှ အိန္ဒြာ ဘေးနားတွင်ရှိနေသည့်စားပွဲပေါ်တင်လိုက်သည်။ ပြီးလျှင် သူမ မတ်တတ်ရပ်ရင်းမှ စားပွဲဝိုင်းအနီးလေးက ထိုင်ခုံလေးမှာ ဟန်ကျကျထိုင်ရင်း စေတန်ပြောလာမည့် စကားကို စိတ်ဝင်တစားနှင့် မော့ကြည့်သည်။ စေတန်လည်း အကြည့်မပြောင်းသလို လှလှကို ငေးရင်းနှင့်သာ ၀ိုင် တစ်ငုံကို အရသာရှိရှိခံစားရင်းသောက်နေသည်။ သတိုးလည်း အိန္ဒြာထိုင်သည်မို့ ထိုင်ခုံလွတ်တစ်ခုမှာဝင်ထိုင်သည်။
ESTÁS LEYENDO
ချစ်သော ပို၍ ချစ်သော ( Ongoing )
No FicciónUnicode မင်းနဲ့ငါ့ရဲ့ သံယောဇဉ်က လွယ်လွယ်ထားခဲ့ကြတာမှ မဟုတ်တာ။ဒီတော့ ဒီကြိုးတန်းလေးကို ငါ့ဘက်ကစပြီးဘယ်တော့မှ ပြတ်တောက်ခံမည်မဟုတ်။ ( သတိုး ) ဒီအချစ်က သာမန်အချစ်ထက်ပိုတယ်ဆိုတာ ငါ့စိတ်ကလက်မခံနိုင်ပေမယ့် ငါ့နှလုံးသားက သူ့အလိုလို လက်ခံပေးနေမှတော့ သေချာတယ်...