ယုံကြည်မည်ဆိုလျှင်ဖြင့်
................................... အပိုင်း - ၁၆''ဟဲလို ! စေတန်´´
''မင်းအခု ဘယ်မလဲ သတိုး´´
''ငါ အဝေးပြေးကားဂိတ်မှာ စေတန်၊ ကိုခိုင်ကို လာကြိုတာ´´
''တွေ့ပြီလား!´´
''မတွေ့သေးဘူး စေတန် ၊ ကားမ၀င်သေးဘူး! မင်းကော ပြန်လာပြီလား´´
''မပြန်ရသေးဘူး သတိုး၊ ဒီမှာလဲ လေယာဉ် မဆိုက်သေးဘူး၊တအောင့်ကြာဦး
မယ်ထင်တယ်´´''အင် ´´
''အေးကွာ အိမ်တန်းမပြန်နဲ့ကြားလား၊ ဆုံနေကြဆိုင်မှာပဲ ငါတို့ ဆုံပြီး ထမင်းစား
ကြမယ် ပြောမလို့´´''သြော် အေးအေး! ကိုခိုင် ကိုခေါ်ပြီး ငါအဲ့ဘက်ကို လာခဲ့မယ်လေ´´
''စောစောရောက်ရင်ရင်လဲ စောင့်နေ ကြားလား´´
''အင်း၊ ဒါပဲစေတန် ! ငါကိုခိုင်ကို ဖုန်းဆက်လိုက်ဦးမယ်။ ကားဘယ်အချိန်ဝင်မလဲ
မသိလို့´´''ဒါပဲလေ ....´´
စေတန် ဘက်မှဖုန်းချသည်နှင့် သတိုးလည်း ကားကြီးဝင်းကိုလှည့်
ပတ်ငေးသည်။ ပြီးလျှင် ဖုန်းဖွင့်ကာ ကိုခိုင်ကို ဖုန်းခေါ်သည်။''ဟဲလို ! ကိုခိုင်´´
''အင်းပြော သတိုး´´
''၀င်ပြီ သတိုး ၊ ကားဝင်းထဲကို ၀င်နေပြီ´´
''အင်း ၊ ဒါဆို အဲ့ကပဲစောင့်! ကျွန်တော် လာခေါ်မယ်´´
ဖုန်းချလိုက်ပြီး ချက်ချင်းပဲ ကားဝင်လာသည်မြင်သည်မို့ နေရာ၌
ပင် ကောက်ကာ ငင်ကာ သွားလိုက်သည်။ ကားက ဂိတ်ထိုးပြီး ကားပေါ်မှ ခရီးသည်တို့ဆင်းနေသည်ကိုမြင်သည်။ သတိုးလည်း ထိုနေရာ၌ ရပ်နေပြီး ကိုခိုင်ကို သေသေချာချာကြည့်၏။ ကိုခိုင်က အတန်ကြာမှ ကားပေါ်က ဆင်းလာသည်မို့ သတိုးက မြင်မြင်ချင်းပဲလက်ပြ နှုတ်ဆက်လိုက်၏။ ကိုခိုင်လည်း အလိုက်သင့် ပြန်ပြုံးပြပြီး သတိုးကိုလက်ပြ နှုတ်ဆက်လိုက်သည်။ ကိုခိုင် အောက်ကိုရောက်သည်
နှင့် ကားဘေးတံခါးက အ၀တ်ထုတ်ကို ယူရန် စောင့်၏။ ကားစပါယ်ယာသည် ကားဘေးက ပစ္စည်းထားသည့် နေရာကို သော့ဖွင့်လိုက်ပြီး ပစ္စည်းအသီးသီးကို နာမည်အလိုက်ခေါ်ပေး၏။ကိုခိုင်အလှည့်ရောက်သည်နှင့် ကိုခိုင်က အ၀တ်အစားနှင့် တစ်ခြားအသုံးအဆောင်ထည့်ထားသည့် ဘီးဆွဲ အိတ်ကို ယူကာ သတိုးဘက်ကို လှည့်လာသည်။ သတိုးသည် နေရာ၌ ရပ်နေပြီး ကိုခိုင် လုပ်သမျှကို သည်အတိုင်းကြည့်နေသည်။ တအောင့်လေးကြာလျှင် ကိုခိုင် သတိုးဘက်သို့ လှည့်လာခဲ့ပြီး ....!
أنت تقرأ
ချစ်သော ပို၍ ချစ်သော ( Ongoing )
غير روائيUnicode မင်းနဲ့ငါ့ရဲ့ သံယောဇဉ်က လွယ်လွယ်ထားခဲ့ကြတာမှ မဟုတ်တာ။ဒီတော့ ဒီကြိုးတန်းလေးကို ငါ့ဘက်ကစပြီးဘယ်တော့မှ ပြတ်တောက်ခံမည်မဟုတ်။ ( သတိုး ) ဒီအချစ်က သာမန်အချစ်ထက်ပိုတယ်ဆိုတာ ငါ့စိတ်ကလက်မခံနိုင်ပေမယ့် ငါ့နှလုံးသားက သူ့အလိုလို လက်ခံပေးနေမှတော့ သေချာတယ်...