28

1K 64 2
                                    

Uni

ရှောင်အာ ပြန်သွားတော့ နန်းဆောင်တွင် ရှောင်မင် ရှန့်ဟွာနှင့် အော့လီသာ ကျန်ခဲ့တော့သည်

ရှောင်မင်က ရှန့်ဟွာနှင့် နှစ်ကိုယ်ကြား ပြောချင်သော်လဲ အော့လီရှိနေသောကြောင့် ဘယ်ကနေ စပြောရမည်မသိ

"အော့လီ စားဖိုဆောင်ကနေ မုန့်သွားယူပါလား"

ဒါက ရှောင်မင် အော့လီကို ပထုတ်နေကျ နည်းလမ်းပဲဖြစ်သည်

"ကောင်းပါပြီ အိမ်ရှေ့စံမင်းသားရှင့်"

အရင်ကဆို အော့လီက အူကြောင်ကြောင်နှင့် ပြန်မေးတက်သော်လဲ ယခုတော့ သဘောပေါက်စွာ ပြန်ပြောလိုက်သည်

ရှောင်မင်က သူ့ကို တမင်ထွက်သွားအောင် ပြောတာကြောင့် နန်းဆောင်ကနေ ထွက်လာခဲ့သည်

စားဖိုဆောင်က မုန့်တွေဆိုတာလဲ အော့လီပဲ အကုန်စားပစ်လိုက်ရတာ များသည်

အိမ်ရှေ့စံက ယူခိုင်းလိုက်တာလို့ ပြောလိုက်လျှင် စားဖိုဆောင်က တံခါးမရှိ ဓားမရှိ အော့လီကို ၀င်ခွင့်ပေးလေသည်

အရင်ကဆို အိမ်ရှေ့စံ ကြိုက်လောက်မည့် မုန့်တွေကို ရွေးယူတက်သော်လဲ ယခုမူ အော့လီ ကိုကြိုက်တဲ့မုန့်သာ အကုန်ယူလာခဲ့တော့သည်

ရှောင်ဖန် နန်းတော်စကြ်လမ်းတစ်လျှောက် ခုန်ပေါက်သွားနေသော အော့လီကိုကြည့်ကာ ရင်ထဲကနေ မခံမရပ်နိုင်အောင် ဒေါသထွက်လာသည်

သူ့သခင်မက ရှောင်ဖန် တစ်လျှောက်လုံး မျှော်လင့်နေခဲ့ရသော အိမ်ရှေ့စံကို လုယူတော့မည်

ယခုလဲ အော့လီက နန်းတော်မှာ ဘာစည်းမျဥ်းမှမရှိပဲ လွတ်လပ်စွာ နေခွင့်ရထားသည်

ဘာလို့လဲ ဘာလို့ သူ့ကျမှလဲ

"ရဲမက်တွေ အဲ့ဒီ့ စည်းမရှိ ကမ်းမရှိတဲ့ဟာမကို ဆွဲခေါ်လာခဲ့ကြစမ်း"

ရှောင်ဖန်က အော့လီသွားရာဘက်ကို လက်ညိုးထိုးပြကာ နောက်လိုက်ရဲမက်တွေကို အမိန့်ပေးလိုက်သည်

နင့်လို ဘာတန်ဖိုးမှ မရှိတဲ့လူက သေသွားတော့ရော ဘာဖြစ်သေးလဲ

ခ်စ္လွစြာ​​​ေသာ ဧကရီ~ချစ်လှစွာသော ဧကရီ(Completed)Where stories live. Discover now