15

2K 141 4
                                    

Zawgyi

'အိမ်ရှေ့စံရဲ့ အခြေအနေ ဘယ်လိုရှိလဲ'

'ပညာရပ်တွေ အကုန်လုံးကို စိတ်ဝင်တစားနဲ့ သင်ယူနေပါတယ် မိဖုရားကြီး'

သူ့လူယုံရဲ့ အဖြေစကားကြောင့် မိဖုရားခေါင်ကြီးက ပြုံးလိုက်မိတယ်

သူမလိုချင်တဲ့ ပြီးပြည့်စုံသော အိမ်ရှေ့စံ မင်းသားတစ်ပါး မကြာခင် ဖြစ်လာတော့မည်မို့

လူယုံတော်ကို လိုအပ်တာတွေ ဆက်ပြီးမှာနေတုန်း

'အရှင်မင်းကြီး ကြွချီတော်မူလာပါတယ်'

လူယုံတော်က ဒူးထောက်ထားရာကနေ မိဖုရားခေါင်ကြီးကို မော့ကြည့်လိုက်တယ်

မိဖုရားခေါင်ကြီးက ခေါင်းငြိမ့်ပြလိုက်တာနဲ့ ပြတင်း​ပေါက်ကနေ ခုန်ဆင်းပြီး အမှောင်ထဲကို ဝင်သွားတော့တယ်

မင်းကြီးက နန်းဆောင်ထဲ ဝင်လာကထဲက မျက်နှာမကောင်းတာကို သူမသတိထားမိတယ်

ထို့ကြောင့် အတက်နိုင်ဆုံး ပြုံးပြလိုက်ကာ

'အရှင်မင်းကြီး'

မိဖုရားခေါင်ကြီးက မတ်တပ်ထရပ်လိုက်ကာ ဂါဝရပြုလိုက်တယ်

မင်းကြီးက သူ့နောက်ကနေလိုက်လာသော အစေခံတွေကို လက်ရမ်းပြပြီး အကုန်လုံးကို အပြင်ထွက်ခိုင်းလိုက်တယ်

ပြီးနောက် မိဖုရားခေါင်ကြီးအနား လျှောက်လာကာ လက်ကနေဆွဲပီး ထိုင်ချခိုင်းလိုက်တယ်

မိဖုရားခေါင်ကြီး ထိုင်ပြီးတာနဲ့ မင်းကြီးက မိဖုရားခေါင်ကြီးရဲ့ ရင်ခွင်ထဲ တိုးဝင်ပြီး ဖက်ထားလိုက်တယ်

ဒီအပြုအမူကို သူမကောင်းကောင်းမှတ်မိတာပေါ့

သူမငယ်စဉ်က ဒီတိုင်းပြည်ကို သူမဖခမည်းတော်နှင့်အတူ ချစ်ကြည်ရေးခရီးအဖြစ် လာရောက်ခဲ့စဉ်တွင် နန်းတော်ထဲက ဆယ်နှစ်အရွယ် ကောင်လေးက သူမကို ထိုကဲ့သို့ ဖက်ထားခဲ့ဖူးသည်

ဘယ်သူသိမှာလဲ နောင်ဆယ်နှစ်နေတော့ ထိုကောင်လေးက တိုင်းပြည်ရဲ့အရှင်ဘုရင် သူမခင်ပွန်းဖြစ်လာခဲ့သည်လေ

ချစ်လှစွာ​​​သော ဧကရီ~ချစ်လှစွာသော ဧကရီ(Completed)Where stories live. Discover now