Zawgyi
'မမလေး...'
ထုံးစံအတိုင်း အော့လီ
လူကမရောက်သေးဘူး အသံကအရင် ရောက်နေပြီ
'ပြော ဘာသိလာပြန်ပြီလဲ'
ဟုတ်တယ်လေ ဒီလိုအော်ခေါ်ပြီး ပြေးလာပြီဆို သတင်းတစ်ခုမဟုတ် တစ်ခုက ပါလာပြီးသားပဲ
'အိမ်ရှေ့စံကလေ မင်္ဂလာရက်ကို တစ်လရွေ့လိုက်တယ်တဲ့'
လူကိုတောင် မတွေ့ရသေးဘူး
'အဲ့ဒါ ကောင်းတာပေါ့ ငါတောင် အေးဆေးနေရသေးတယ်'
'မကောင်းဘူး မမလေးရဲ့'
'ဘာလို့တုန်း'
'အော့လီကြားလာတယ် အိမ်ရှေ့စံက မမလေးကို မလိုချင်ဘူးတဲ့'
ဒါက ပိုတောင်ကောင်းသေး
'အဲ့တိုင်းသာဆို မမလေးက နန်းတော်မှာ အပါယ်ခံဖြစ်သွားမှာ'
'အော့လီ ငါယူတောင် မယူရသေးဘူး ဘာကိစ္စအပါယ်ခံဖြစ်ရမှာလဲ'
'နန်းတော်မှာ ဘုရင်တွေ အိမ်ရှေ့စံတွေ မချစ်မနှစ်သက်တဲ့ မိဖုရားတွေကို အစေခံတွေကတောင် မရိုသေ မလေးစားကျဘူးတဲ့ မမလေးရဲ့'
အော့လီက ငိုသံစွက်လာလေသည်
'အော့လီရယ် အိမ်ရှေ့စံနဲ့ငါက ယူမှမယူရသေးတာ ရှန့်ဟွာ သူ့ကိုတွေ့ပြီး သေချာမေးမယ် သူမယူဘူးဆို ငါတို့ရှန့်အိမ်တော်ကို ပြန်ကြမယ်လေ'
'မမလေး တကယ်ပြောတာနော် အော့လီက ဘယ်မှာဖြစ်ဖြစ် မမလေးရှိရင် အဆင်ပြေပါတယ်'
ရှန့်ဟွာ စကားကြောင့် မျက်ရည်သုတ်ကာ အားတက်သရော ပြောလာလေသည်
အင်းလေ သူမလိုချင်မှတော့ သွားတွေ့ပြီး မေးရုံပေါ့
ရှန့်ဟွာ နောက်နေ့စောစောထပြီး အိမ်ရှေ့စံအဆောင်ဆီ လာခဲ့လိုက်သည်
ရှန့်ဟွာနောက်မှာ အော့လီရယ် နန်းတော်က အစေခံလေးယောက်ရယ် ပါလာလေသည်
![](https://img.wattpad.com/cover/171702903-288-k635998.jpg)
BẠN ĐANG ĐỌC
ချစ်လှစွာသော ဧကရီ~ချစ်လှစွာသော ဧကရီ(Completed)
Tiểu thuyết Lịch sửUni တရုတ်နန်းတွင်းပုံစံလေး ရေးထားတာပါ own creationပါ translation လုံးဝမဟုတ်ပါဘူးနော် Zawgyi တရုတ်နန်းတွင်းပုံစံလေး ရေးထားတာပါ own creationပါ translation လုံးဝမဟုတ်ပါဘူးနော်