အပိုင်း-၁၁

3.6K 240 5
                                    

Zawgyi

'​ရှောင်​အာ စား​လေ ညီမ​တော်​ ဒါကြိုက်​တယ်​မလား'

အိမ်​​ရှေ့စံ​ရှောင်​မင်​က သူ့ညီမစိတ်​ဆိုး​နေသည်​ပဲထင်​ကာ ဟင်း​တွေတစ်​ခုပြီးတစ်​ခု ထည့်​​ကျွေး​နေ​လေသည်

ရှန့်​ဟွာ ကြည့်​လိုက်​​တော့ ​ရှောင်​အာက မျက်​နှာကို ကွယ်​ထားသည်​မှာ ခုထိမဖယ်​​သေး​ချေ

'​ရှောင်​အာပဲ ခုနကဗိုက်​ဆာ​နေတယ်​ဆို စား​လေ ပြီးရင်​ အကိုတို့​တွေစစ်​​ရေး ​လေ့ကျင့်​ရဦးမယ်​​လေ​နော်​'

ပြောရင်း ​ရှန့်​ဟွာက ​ရှောင်​အာမျက်​နှာမှာ ကွယ်​ထား​သောလက်​ကို ​အောက်​ဆွဲချလိုက်​​လေသည်

'ဖူး အဟွတ်​ အဟွတ်​ အဟွတ်​'

ထိုအသံက ရှန့်​ရင်​ဆီက​နေ ထွက်​လာခြင်းဖြစ်​သည်

မင်းသမီး​ရှောင်​အာရဲ့ မျက်​နှာကို မြင်​​သောအခါ စစ်​သူကြီးရှန့်​ရင်​ ​သောက်​လက်​စ​ရေ​နွေး​တွေပင်​ သီးကုန်​​တော့သည်

'ဟို က​လေးမ...'

ရှောင်​အာက အပြစ်​လုပ်​ထားသူပီပီ မျက်​နှာချို​သွေးကာ

'ဟို မ​နေ့က စစ်​သူကြီးကို ရိုင်းပျမိတဲ့အတွက်​ ​ရှောင်​အာ ​တောင်းပန်​ပါတယ်​ ​နောက်​ဒါမျိုး လုံးဝမဖြစ်​​စေရပါဘူး'

ရှန့်​ရင်​က ယပ်​​တောင်​ကို ဖြန့်​ခတ်​လိုက်​ရင်း

'အဟမ်း ​နောက်​လဲ ဖြစ်​စရာအ​ကြောင်း မရှိဘူးလို့ ထင်​ပါတယ်​'

'အကိုနဲ့ ​ရှောင်​အာနဲ့က ​တွေ့ပြီးသွားပြီထင်​တယ်​'

'အင်း မ​နေ့က နန်း​တော်​ဥယာဉ်​ထဲမှာ​လေ...'

ရှန့်​ဟွာအ​မေးကို ရှန့်​ရင်​ဆုံး​အောင်​ မ​ပြောလိုက်​ရပါ

'စစ်​သူကြီးကို​တွေ့လို့ ​ရှောင်​အာက ဝင်​ပြီး နှုတ်​ဆက်​လိုက်​တာ​လေ ဟုတ်​တယ်​မလား'

ရှန့်​ရင်​စကားမဆုံးလိုက်​ ​ရှောင်​အာက အ​မောတ​ကောဖြတ်​​ပြော​တော့သည်

သူ့​နောက်​က အ​စေခံကိုပါ လှည့်​ကြည့်​ရင်း စစ်​ကူ​ခေါ်လိုက်​​သေးသည်

ချစ်လှစွာ​​​သော ဧကရီ~ချစ်လှစွာသော ဧကရီ(Completed)Where stories live. Discover now