30(end)

3K 111 9
                                    

Uni

ရှောင်ဖန် ရှန့်ဟွာကို ဓားနှင့်ပြေးထိုးရန် ကြံလိုက်သော်လဲ ရှောင်အာက ရှန့်ဟွာအရှေ့တွင် ပြေးရပ်လိုက်သည်

"အမတော် ဒီလောက်နဲ့ပဲ တော်လိုက်ရအောင် နော်"

ရှောင်ဖန်က ရှောင်အာကိုကြည့်ကာ ဟားတိုက်ရယ်မောလာသည်

"ရှောင်အာ နင်က ဘယ်တုန်းကများ ငါ့ဘက်မှာ ရှိနေပေးဘူးလို့လဲ"

ရှောင်ဖန်က ရှောင်အာကိုပါ နာကျည်းစွာကြည့်ရင်း ဓားနှင့်ရွယ်ကာ ပြောလိုက်သည်

"ကောင်းပြီ နင်တို့နှစ်ယောက်လုံးကို ငါကိုယ်တိုင် ငရဲပို့ပေးမယ်"

ထို့နောက် ရှောင်ဖန့်လက်ထဲက ဓားကပြေးဝင်သွားကာ သွေးတွေက နေရာအနှံ့ ပြန့်ကျဲကုန်သည်

ဇွတ်!!!အ...!!!

ရှောင်မင်ရော ရှန့်ရင်ပါ ထိုနေရာသို့ ပြေးသွားခဲ့သော်လဲ မမှီလိုက်ကြ

မင်းကြီးက ဓားကိုဆွဲထုတ်ကာ ရှောင်ဖန်လက်ထဲက ဓားကိုပိုင်းချလိုက်ပြီး ရှောင်ဖန့်ကို ဓားနှင့်ရွယ်ထားလိုက်သည်

မိဖုရားဖန်အာက အမြန်ပြေးသွားကာ မင်းကြီးရဲ့ဓားရှေ့ကို ဝင်ရပ်လိုက်သည်

ရှန့်ဟွာက ရှောင်အာ့ကို ပြေးဖက်လိုက်ကာ မျက်စိစုံမှိတ်ထားရာကနေ ဖြည်းဖြည်းစီ ဖွင့်ကြည့်လိုက်သည်

ရှန့်ဟွာနှင့်ရှောင်အာရှေ့တွင် လူတစ်ယောက်က ဗိုက်ကိုဖိကိုင်ထားကာ လဲကျနေသည်

ထိုလူရဲ့ ဝတ်ရုံက သွေးများ စိုရွဲလျက်

"အား!!!နာလိုက်တာ"

အသံကြားမှ ရှောင်အာက အသိဝင်လာကာ ထိုလူကို ဆွဲမလိုက်သည်

"ကူယွဲ့ နင်...ဒါ...ဒါ...ဘာလုပ်တာလဲ"

ကူယွဲ့က ဘယ်အချိန်ကမှန်းမသိ ရှန့်ဟွာနှင့်ရှောင်အာအရှေ့ကို ပြေးဝင်လာခဲ့ခြင်းဖြစ်သည်

"အား...နာပါတယ်ဆို နင်က ဘာလို့ လာအော်နေတာလဲ"

ကူယွဲ့ ထိုသို့ပြန်ပြောနေကထဲက အခြေအနေသိပ်မဆိုးကြောင်း ရှောင်အာ သိလိုက်သည်

🎉 You've finished reading ခ်စ္လွစြာ​​​ေသာ ဧကရီ~ချစ်လှစွာသော ဧကရီ(Completed) 🎉
ခ်စ္လွစြာ​​​ေသာ ဧကရီ~ချစ်လှစွာသော ဧကရီ(Completed)Where stories live. Discover now