အပိုင်း-၉

4K 293 6
                                    

Zawgyi

ရှောင်​အာတစ်​​ယောက်​ ရှန့်​ဟွာကို ပူဆာချင်​တာ ပူဆာပြီး​နောက်​ ရှန့်​ဟွာအ​ဆောင်​က​နေ ပြန်​လာခဲ့သည်

ဥယာဉ်​​တော်​​ရှေ့ ​ရောက်​​သောအခါ ဥယာဉ်​ထဲတွင်​ ​ရှောင်​အာမသိ​သော ​ယောက်ျားတစ်​​ယောက်​အား ​တွေ့လိုက်​​လေသည်

ထိုလူ့မျက်​နှာက အလွန်​တည်​ငြိမ်​​နေကာ တစ်​​လောကလုံးကို ဂရုမစိုက်​သည့်​ပုံ ဖြစ်​​နေ​သော​ကြောင့်​ ​ရှောင်​အာ နဲနဲစပ်​စုချင်​သွားသည်

များများစပ်​စုမယ်​​တော့ လုပ်​လိုက်​ပါ ​ရှောင်​အာရယ်

ရှောင်​အာဆိုတာလဲ ဘယ်​သူမလို့တုန်း နန်း​တော်​မှာ ​မင်းသမီး ၁ ​ရှောင်​ဖန်​ပြီးရင်​ ​ရှောင်​အာက မာနအကြီးဆုံး​ မင်းသမီးပဲ​လေ

အဟီး နန်းပြင်​ကလူ​တွေ သိထားတာကို​ပြောတာ အမှန်​က ​ရှောင်​အာဆိုတာ င​ပေါမ​လေး

ရှောင်​အာ ချက်​ချင်းပဲ ထိုလူထိုင်​​နေ​သော မက်မွန်​ပင်​​အောက်​ကို ​လျောက်​သွားလိုက်​သည်

ထိုလူက ထိုင်​ခုံတွင်​ ​အေး​အေး​ဆေး​ဆေးထိုင်​ကာ ယပ်​​တောင်​တစ်​လတ်​ကို ​ဖြေးညင်းစွာ ခပ်​​နေ​လေသည်

ရှောင်​အာ ထိုလူနား ​ရောက်​သွား​သော်​လဲ ထိုလူက လှည့်​ပင်​မကြည့်​ပါ

'အဟမ်း...အဟမ်း...'

ရှောင်​အာအသံ​ပေးလဲ လှည့်​မကြည့်​ပဲ မျက်​လုံး​တွေက မှိတ်​ထားဆဲပင်

ဒီလူ နားများကန်း​နေလားမသိဟု ​ရှောင်​အာ ​တွေးလိုက်​သည်

'ဒီမယ်​.....'

ရှောင်​အာ တမင်​အသံကို အကျယ်​ကြီးဖြစ်​​အောင်​ ​အော်​ပြီး​ခေါ်လိုက်​သည်

ထိုအခါမှ ယပ်​​တောင်​နှင့်​လူက မျက်​လုံးကို ဖွင့်​ကြည့်​​လေသည်

ထိုလူမျက်​လုံး​တွေက ​ရှောင်​အာမျက်​နှာဆီသို့ တန်း​နေ​အောင်​ ဖွင့်​ကြည့်​လိုက်​ခြင်းဖြစ်​သည်

ထိုမျက်​လုံး​တွေတွင်​ အလိုမကျခြင်းနှင့်​အတူ အကြည့်​​တွေက ​ရှောင်​အာကို အရည်​​ပျော်​ကျလုမတက်​ ဖြစ်​​စေသည်

ချစ်လှစွာ​​​သော ဧကရီ~ချစ်လှစွာသော ဧကရီ(Completed)Wo Geschichten leben. Entdecke jetzt