Zawgyi
နောက်တစ်နေ့ မိဖုရားကြီးနှင့်အတူ ရှန့်ဟွာ ရှန့်ကုန်းမယ်ကို မြုပ်ထားသော နေရာသို့ လာခဲ့သည်
မြေပုံကိုတွေ့တော့ ရှန့်ဟွာ ဒူးထောက်ချကာ ဂါဝရပြုလိုက်သည်
'ရှန့်ဟွာရဲ့ အသက်ကို ကယ်ပေးခဲ့လို့ ကျေဇူးတင်ပါတယ် ကျေဇူးပြန်မဆပ်နိုင်တော့ပေမဲ့ ရှန့်ဟွာ အသက်ကို ပိုပြီးတော့ တန်ဖိုးထားပါ့မယ်လို့ ကတိပေးပါတယ်'
ပြောပြီးတာနှင့် ရှန့်ဟွာ ဦးညွတ်ချကာ ကန်တော့လိုက်သည်
မိဖုရားကြီးကတော့ ရှန့်ဟွာကိုသာ စိတ်မကောင်းစွာ ကြည့်နေခဲ့သည်
ရှန့်ဟွာ နန်းဆောင်ကို ပြန်ရောက်တော့ ရှောင်အာက ထိုင်စောင့်နေသည်
ရှန့်ဟွာကို တွေ့တွေ့ခြင်း ရှောင်အာက ပြေးဖက်သည်
'ရှောင်အာ တောင်းပန်ပါတယ်'
ပါးစပ်ကလဲပြောရင်း ရှောင်အာက ငိုတော့သည်
'ဘာလို့လဲ ရှောင်အာရဲ့ မငိုပါနဲ့'
'ရှောင်အာ ဘာမှမတက်နိုင်ခဲ့လို့ပါ'
'ရတယ် ရတယ် ရှောင်အာနဲ့ မဆိုင်ဘူး မငိုနဲ့တော့နော်'
ရှောင်အာက သူ့အစ်မ လုပ်ရပ်ကြောင့် ရှန့်ဟွာကို အတော်လေး အားနာနေမိသည်
ရှန့်ဟွာလဲ ရှောင်အာ့ကို ချော့မော့ကာ ပန်းခြံထဲ ဆွဲခေါ်လာခဲ့သည်
ပန်းခြံထဲမှာ မင်းသမီး အဆောင်အယောင်နှင့် မိန်းကလေး နှစ်ယောက်က ကျားကွက်တစ်ခုကို ထိုင်ဆော့နေသည်
တစ်ယောက်နှင့်တစ်ယောက် စကားတွေပြောကာ ပျော်ရွှင်ရယ်မောနေတာ အပူအပင် လုံးဝမရှိ
အနားတွင်လဲ အစေခံ တစ်ယောက်နှစ်ယောက်သာ ရှိသည်
ရှန့်ဟွာလဲ စိတ်ဝင်စားသွားကာ သူတို့အနား လျှောက်သွားလိုက်သည်
မိန်းကလေးငယ် နှစ်ယောက်က ရှန့်ဟွာကို တအံ့တဩ မော့ကြည့်သည်
ရှန့်ဟွာနောက်က ရှောင်အာကို မြင်သောအခါ နှစ်ယောက်လုံး ထပြေးတော့သည်

VOCÊ ESTÁ LENDO
ချစ်လှစွာသော ဧကရီ~ချစ်လှစွာသော ဧကရီ(Completed)
Ficção HistóricaUni တရုတ်နန်းတွင်းပုံစံလေး ရေးထားတာပါ own creationပါ translation လုံးဝမဟုတ်ပါဘူးနော် Zawgyi တရုတ်နန်းတွင်းပုံစံလေး ရေးထားတာပါ own creationပါ translation လုံးဝမဟုတ်ပါဘူးနော်