29

1.1K 65 0
                                    

Uni

"ဒါ ဘာလုပ်တာလဲလို့ ငါမင်းကို မေးနေတယ်လေ"

ရှောင်မင်ဒေါသတွေက သိသိသာသာကို ပေါက်ကွဲလာနေသည်

ရှောင်ဖန် ထပ်ပြီး ရှောင်မင်အမေးကို ကွေ့ပတ်ကာ အရူးလုပ်လို့ မရတော့ကြောင်း နားလည်လိုက်သည်

"အားယား ဘာလို့ အဲ့လောက်တောင် ဒေါသထွက်နေရတာလဲ ဒါက ဘာမှမဟုတ်တဲ့လူကို အပြစ်ပေးနေတာလေ အနောက်နန်းဆောင်မှာတော့ ပုံမှန်ကိစ္စ သေးသေးလေးပါပဲ"

ရှောင်ဖန်က ပုခုံးတွန့်ပြကာ ဘာမှမဟုတ်သလို ပြန်ဖြေလာသည်

"သူက နန်းတွင်းသူ မဟုတ်ဘူးဆိုတာ အနောက်နန်းဆောင်က လူတွေအကုန်လုံးကို အသိပေးထားပြီးသား"

ရှောင်မင်က ရှောင်ဖန်ကို စိုက်ကြည့်ကာ တစ်လုံးချင်းစီ ပြောလိုက်သည်

"အာ ဟုတ်လား ရှောင်ဖန်က မင်းသမီးဆိုတော့ တစ်ချို့ဟာလေးတွေကို မှားလို့ အတော်များများကို လိုက်နားထောင်နေစရာ မလိုဘူးလေ"

ရှောင်ဖန်က ယခုအချိန်အထိ သူမ ဘာအမှားမှ လုပ်မထားသလို

"ရှောင်ဖန် မင်း....."

ရှောင်မင် ထပ်ပြီး သည်းမခံနိုင်တော့တဲ့အဆုံး လက်စွဲတော် ဓားရိုးကို ဆုပ်ကိုင်လိုက်သည်

ချန်ကျူက ချက်ချင်း ရှောင်မင့်လက်ကို ဖမ်းကိုင်ကာ တားလာသည်

"ဒီလိုလုပ်လို့ မဖြစ်ပါဘူး အရှင့်သား"

ထို့နောက် ရှောင်မင့်လက်ထဲက ဓားကိုပါ လုယူထားလိုက်သည်

"မင်းကြီး ကြွချီတော် မူလာပါပြီ"

မင်းကြီးရောက်လာတာကြောင့် အကုန်လုံးက ဒူးထောက်ကာ အရိုအသေ ပြုလာကြသည်

ရှောင်မင်ကတော့ မကျေမနပ်နှင့် ရှောင်ဖန်ကတော့ အားကိုးစရာ လူလာပြီဟု

ညီလာခံပြီးပြီးချင်း အနောက်နန်းဆောင်က သတင်းကြောင့် မင်းကြီးက ချက်ချင်းရောက်လာခြင်း ဖြစ်သည်

မင်းကြီးက အကုန်လုံးကို တစ်ချက်ဝေ့ကြည့်ကာ နောက်လိုက်အစေခံက ယူလာပေးသော ခုံပေါ်တွင် ထိုင်လိုက်သည်

ခ်စ္လွစြာ​​​ေသာ ဧကရီ~ချစ်လှစွာသော ဧကရီ(Completed)Où les histoires vivent. Découvrez maintenant