အပိုင်း-၁၀
3.9K 272 8
Zawgyi
'အိမ်​​ရှေ့စံ ကြွလာပါတယ်​'
နန်း​ဆောင်​အ​ရှေ့က အသံ​ကြောင့်​ ရှန့်​ရင်​ ထိုင်​​နေရာက​နေ ထလိုက်​သည်
အိမ်​​ရှေ့စံဆိုသူက နန်း​ဆောင်​ထဲ ဝင်​လာကာ ရှန့်​ရင်​ကိုတစ်​လှည့်​ ရှန့်​ဟွာကိုတစ်​လှည့်​ ကြည့်​​နေ​လေသည်
အိမ်​​ရှေ့စံ​ရှောင်​မင်​ရဲ့ မျက်​လုံး​တွေထဲမှာ အလိုမကျခြင်းများစွာ ပါဝင်​​နေ​လေသည်
ချန်​ကျူ သူ့သခင်​ရဲ့ အရိပ်​အကဲကို ဖမ်းတက်​သူပီပီ နားနားကပ်​ပြီး ​ပြောရ​တော့သည်
'အဲ့ဒါ ကြင်​ယာ​တော်​ရဲ့အကို​လေ ဘုရင့်​တပ်​ရဲ့ စစ်​သူကြီး ရှန့်​ရင်​ အရှင်​မင်းသားရဲ့ အကြည့်​ကို နဲနဲ​လောက်​ ​လျော့ပါလား'
ထိုအခါမှ ​ကျေနပ်​သွား​လေ​တော့သည်
သိ​နေတယ်​​လေ ကို့သခင်​အ​ကြောင်းကို မဟုတ်​ရင်​ ကြင်​ယာ​တော်​နန်း​ဆောင်​ထဲတင်​ စစ်​ပွဲ​တွေ ဖြစ်​ကုန်​​တော့မှာ
'ကျွန်​​တော်​မျိုး ရှန့်​ရင်​ အိမ်​​ရှေ့စံကို ဂါဝရပြုပါတယ်​'
'အဟမ်း မလိုပါဘူး ထိုင်​ပါ နန်း​တော်​ကို ​ရောက်​​နေပြီကြားလို့ လာရှာတာ'
အမယ်​ ရှန့်​ရင်​​ရောက်​​နေတာ ခုမှသိတာကိုများ အမှန်​က ရှန့်​ဟွာဆီလာတာ
'​ကောင်းပါပြီ အရှင့်သား ဘယ်​​တော့​လောက်​ စသင်​ချင်​လဲ​ပြောပါ'
သူက​နောက်​ဆို ​ယောက်​ဖဖြစ်​လာမှာ ဆရာလဲဖြစ်​ဦးမှာဆို​တော့ ခုထဲက ​ပြောထားမှ
'အသက်​ချင်း တူတူပဲလို့ကြားတယ်​ ပညာလဲသင်​ရမှာဆို​တော့ ​ရှောင်​မင်​ပဲ​ခေါ်ပါ ငါလဲမင်းကို ရှန့်​ရင်​ပဲ​ခေါ်မယ်​'
'အရှင့်​သား သ​ဘောအတိုင်းပါ ​ရှောင်​မင်​'
'ဟုတ်​ပြီ နက်​ဖြန်​က​နေ စသင်​တာ​ပေါ့ မြန်​မြန်​ပြီး​လေ ​ကောင်း​လေပဲ'
ချစ်လှစွာ​​​သော ဧကရီ~ချစ်လှစွာသော ဧကရီ(Completed)Where stories live. Discover now