20

1.6K 121 3
                                    

Zawgyi

'ချန်ကျူ ငါရှာခိုင်းထားတာ မတွေ့သေးဘူးလား'

ရှောင်မင် သူ့နောက်လိုက် ချန်ကျူကို ပျောက်နေသော နန်းတွင်းသူကို ရှာခိုင်းထားခြင်း​ ဖြစ်သည်

'အရှင့်သား ကျွန်တော်မျိုးလဲ ကြိုးစားရှာတာပဲ ဒါပေမဲ့ အဲ့နန်းတွင်းသူကို ဘယ်သူကမှ မတွေ့ဘူးချည်း ပြောနေတယ်'

ချန်ကျူစကားကြောင့် ရှောင်မင် စိတ်ပျက်သွားသည်

ထို နန်းတွင်းသူကိုသာ မတွေ့လျှင် ရှန့်ဟွာ လွတ်ဖို့က မလွယ်ကူပါ

'နန်းတွင်းထဲကနေ သူက ဘယ်ရောက်သွားရတာလဲ'

ရှောင်မင် ရှန့်ဟွာအတွက် အကောင်းဆုံး လုပ်ပေးရန် စဉ်းစားနေရသည်

'ကျွန်တော်မျိုးလဲ မသိတော့ပါဘူး'

'မယ်တော့်ဆီ သွားမယ်'

ရှောင်မင် အပြောနှင့်အတူ အရှေ့ကနေ အမြန်ထွက်သွားသည်

ချန်ကျူက သူ့နောက်ကနေ အပြေးလိုက်လာသည်

မိဖုရားခေါင်ကြီးဆီ ရောက်သောအခါ ရှန့်ရင်က အရင်ကြိုရောက်နေပါသည်

မိဖုရားခေါင်ကြီးက မျက်နှာမကောင်းသလို ရှန့်ရင်ကလဲ အံကြိတ်ကာ လက်သီးကို တင်းတင်းဆုပ်​ထားသည်

ဒီအခြေအနေက လုံးဝ ကောင်းတဲ့ကိစ္စ မဟုတ်တာကိုတော့ ရှောင်မင် သိသည်

'မယ်တော် ဘာဖြစ်လို့လဲ'

မယ်တော်က ရှောင်မင်အမေးကို ခေါင်းခါကာ မျက်နှာလွှဲသွားသည်

'ရှန့်ရင်...'

ရှန့်ရင်က စိတ်ကို အတော်လေး ထိန်းချုပ်ထားရသလို လူသတ်ငွေ့တွေ ထွက်နေပါပြီ

'နန်းတွင်းသူက အသတ်ခံလိုက်ရပြီ'

'ဘာာ'

မိဖုရားခေါင်ကြီး စကားကြောင့် ရှောင်မင် ဘာဆက်ပြောရမည် မသိတော့

သူတို့အတွက် နောက်ဆုံးဆွဲ​ထားသော ကြိုးစလေးက ပြတ်တောက်သွားပါပြီ

မျှော်လင့်ချက် သေးသေးလေးတောင် စဉ်းစားလို့ မရတော့

'မိဖုရားခေါင်ကြီးကို စိုးရွံ့မိပေမဲ့ ကျွန်တော်မျိုး ရှန့်ဟွာကို ဒီတိုင်းတော့ ကြည့်မနေနိုင်ပါဘူး'

ချစ်လှစွာ​​​သော ဧကရီ~ချစ်လှစွာသော ဧကရီ(Completed)Hikayelerin yaşadığı yer. Şimdi keşfedin