Zawgyi
မင်းကြီးက ရှန့်ကုန်းမယ်ကိုကြည့်ကာ စိတ်မကောင်း ဖြစ်မိသော်လဲ သူ အမိန့်ချပေးရန်သာ တက်နိုင်တော့သည်
ရှန့်ကုန်းမယ်ကတော့ ဒူးထောက်ပြီး ခေါင်းငုံ့ထားကာ မင်းကြီးရဲ့ အမိန့်ကိုသာ စောင့်ဆိုင်းနေသည်
'သူမကို အဆိပ်တစ်ခွက်ပဲ ပေးလိုက်ပါ'
မင်းကြီးက အမိန့်ပေးပြီးနောက် ပလ္လင်ပေါ်ကနေ ဆင်းသွားတော့သည်
ဒါဟာ သေဒဏ်တွေထဲမှာ အသက်သာဆုံး နည်းလမ်းတစ်ခုသာ ဖြစ်သည်
သူမရဲ့ သေခြင်းတရားကို အေးအေးချမ်းချမ်းပဲ ထွက်သွားခွင့်ပြုပေးတာမလို့ ပြုံးလိုက်မိသေးသည်
မင်းကြီးက သူမအပေါ် နောက်ဆုံးအကြိမ် သနားညှာတာ ပေးခြင်းသာ ဖြစ်သည်
ကျေးဇူးတင်ပါတယ် ဒါဟာ သူမစိတ်ထဲကပဲ ပြောလိုက်တာမို့ အရှင်မင်းကြီးကတော့ မကြားနိုင်ပါ
ယခုမူ သူမကိုယ်ပေါ်တွင် ဘာအဆောင်အယောင်မှ ရှိမနေတော့
သူမ နှစ်သက်တဲ့ ပန်းဝတ်မှုံဝတ်စုံတွေအစား အဖြူရောင်ဝတ်စုံက နေရာယူထားသည်
ရဲမက် ငါးယောက်လောက်က သူမကို စောင့်ကြည့်နေကာ သူမအရှေ့တွင် ခုံလေးတစ်လုံး ချပေးထားသည်
ထိုခုံပေါ်က ခွက်လေးက ဘာခွက်လဲဆိုတာ သိနေသော်လဲ ထူးဆန်းစွာပင် သူမမှာ ကြောက်ရွံတဲ့စိတ် လုံးဝ ရှိမနေခဲ့
သူမ တစ်ဘဝလုံး သေရမှာကို ကြောက်ခဲ့မိသော်လဲ ယခုတော့ စိတ်ပေါ့ပါးနေပြန်သည်
နောက်ဆုံးအကြိမ်အနေနဲ့ မိဖုရားခေါင်ကြီးရဲ့ နန်းဆောင်ဘက်ကိုလှည့်ကာ ဂါဝရပြုလိုက်သည်
သူမ လုပ်ခဲ့မိတဲ့ အပြစ်အတွက်တော့ ခွင့်လွှတ်တန် ကောင်းပါရဲ့
ထို့နောက် ရှေ့ကခွက်လေးကိုယူကာ မော့သောက်လိုက်သည်
ခွက်လေးက လက်ကနေ လွတ်ကျသွားသလို သူမလဲ တစ်ဖြည်းဖြည်း ပြိုလဲကျသွားသည်
သူမကို တစ်စုံတစ်ယောက်က ဖေးကူပေးထားတာကို ခံစားမိလိုက်သည်

ESTÁS LEYENDO
ချစ်လှစွာသော ဧကရီ~ချစ်လှစွာသော ဧကရီ(Completed)
Ficción históricaUni တရုတ်နန်းတွင်းပုံစံလေး ရေးထားတာပါ own creationပါ translation လုံးဝမဟုတ်ပါဘူးနော် Zawgyi တရုတ်နန်းတွင်းပုံစံလေး ရေးထားတာပါ own creationပါ translation လုံးဝမဟုတ်ပါဘူးနော်