14

2.1K 140 4
                                    

Zawgyi

ဥယာဉ်တော်ထဲတွင် ရှောင်မင် ရှန့်ရင် ရှန့်ဟွာအပြင် ရှောင်အာပါ ထိုင်နေကြလေသည်

လေးယောက်လုံး ကစားနည်းတစ်ခုကို ကစားနေကြခြင်းဖြစ်သည်

ရှောင်မင်နှင့် ရှန့်ဟွာကတစ်ဖက် ​ရှန့်ရင်နှင့် ရှောင်အာက တစ်ဖက်ဖြစ်သည်

သူတို့နားတွင် အစေခံဆိုလို့ ချန်ကျူနှင့် အော့လီသာ ရှိပါသည်

'ယား နိုင်ပြီ ဟားဟား'

ထိုအသံက ရှောင်အာဆီကနေ ထွက်လာခြင်း ဖြစ်သည်

ပြီးတော့ တစ်ခါထဲ အိမ်ရှေ့စံ ရှောင်မင်ကိုပါ လျှာထုတ်ပြလိုက်သေးသည်

ရှန့်ဟွာကတော့ သူတို့ရှုံးသွားသောကြောင့် အိမ်ရှေ့စံကို မကျေမနပ်ပြန်ကြည့်လေသည်

'ရှန့်ရင်က အကုန်ကျွမ်းကျင်တာပဲဟာ ဒါသက်သက်ညစ်တာ'

'ဟမ် အကိုတော်ကလဲ ရှောင်အာက ဘာမှမသိဘူးလေ'

ရှောင်မင် ဆင်ခြေပေးသည်ကို ရှောင်အာက ပြန်ပက်သည်

'ငါတို့ဆို နှစ်ယောက်လုံး မကျွမ်းတာလေ ကောင်းပြီ ဘာလိုချင်လဲ'

ရှုံးတဲ့သူက နိုင်တဲ့သူလုပ်ခိုင်းတာကို လုပ်ပြရမည် ဖြစ်သည်

'ရှောင်အာကို ဗျက်စောင်းတီးပေး အကိုတော် အရင်တစ်ခါကလဲ တီးမပေးဘူး ခု ဒီနေရာမှာပဲ တီးပြ'

အမှန်က ရှောင်အာ သူ့အကိုတော်ကို ရစ်ချင်တာထက် ရှန့်ရင်ရှေ့မှာ ကပြချင်တာ ဖြစ်သည်

'ဟင်း ကောင်းပြီလေ ချန်ကျူ ငါ့ဗျတ်စောင်း ယူလာခဲ့'

'ကောင်းပါပြီ အရှင့်သား'

ချန်ကျူ ထွက်သွားပြီး ခဏကြာသောအခါ ဗျတ်စောင်းတစ်ခုကို ယူပြီး ပြန်ရောက်လာလေသည်

ပြီးနောက် အိမ်ရှေ့စံ ရှောင်မင်ရှေ့ကို ချပေးလိုက်သည်

ရှောင်မင်က ဗျတ်စောင်းပေါ်ကို လက်ချောင်းလေးတွေတင်ကာ စတင်တီးခတ်လေတော့သည်

ထိုသံစဉ်က ဆောင်းဦးနှင်းပွင့် ချစ်သက်သေတည်ဟူသော သံစဉ်ဖြစ်သည်

ချစ်လှစွာ​​​သော ဧကရီ~ချစ်လှစွာသော ဧကရီ(Completed)Where stories live. Discover now