အပိုင်း-၇

4.5K 346 0
                                    

Zawgyi

အိမ်​​ရှေ့စံနှင့်​ ​ရှောင်​အာတို့ ရီ​မော​နေတာကိုကြည့်​ပြီး ​ရှောင်​ဖန်​ ​တောက်​​ခေါက်​လိုက်​မိသည်

ဘေးမှာ​ကြောက်​လန့်​ပြီး ရပ်​​နေ​သော အ​စေခံကိုလဲ စူးစူးရဲရဲကြည့်​ကာ

'ငါကပြသနာတက်​​အောင်​ လုပ်​ခိုင်းတာ​လေ ဘာကိစ္စသင့်​မြတ်​​အောင်​ လုပ်​ရတာလဲ'

'မင်းသမီး၁...'

'တိတ်​စမ်း နင့်​မှာစကား​ပြောပိုင်​ခွင့်​ မရှိဘူး'

ရှောင်​ဖန်​​အော်​လိုက်​တာ​ကြောင့်​ အ​စေခံမှာ ဆက်​မ​ပြောရဲ​တော့ပဲ ​ခေါင်းငုံသွား​တော့သည်

နန်း​တော်​ဥယာဉ်​ထဲတွင်​မူ

'​ရှောင်​အာ ဘာလို့ဒီ​လိုဆိုးရတာလဲ နန်း​တော်​ကိုလာတဲ့ ဧည့်​သည်​ကို အဲ့လိုမဆက်​ဆံသင့်​ဘူး​လေ'

အိမ်​​ရှေ့စံစကား​ကြောင့်​ ​ရှောင်​အာ မျက်​လုံးပြူးပြီး အံ့သြသွားသည်

အိမ်​​ရှေ့စံဆိုတာ အမြဲတမ်း မင်းသမီး၎ ​ရှောင်​အာဘက်​က​လေ

သူမမှားမှားမှန်​မှန်​ အမြဲသူမဘက်​မှာပဲ ရှိ​နေ​ပေးသူ

ခုကျ​တော့

'ဟင်​...အကို​တော်​ ​ရှောင်​အာကို ဆူ​နေတာလား'

ရှောင်​အာက ငိုသံ​လေးစွတ်​ပြီး ​မေးသည်

'မင်းသမီးအကိုဆို​တော့ မင်းသား​ပေါ့ ရှန့်​ဟွာ မရိုမ​သေပြုမိပြီ'

ရှန့်​ဟွာအသံကြား​မှ အိမ်​​ရှေ့စံက လှည့်​ကြည့်​​လေသည်

ရှန့်​ဟွာကိုကြည့်​ပြီး ရုပ်​ကစပ်​ဖြီးဖြီး ဖြစ်​သွားသည်

ရှောင်​အာနှင့်​ နပန်းလုံးထား​သော​ကြောင့်​ ဆံထုံး​တွေပါ ​ပြေကျ​နေပြီ

ဂါဝန်​ကလဲ ​ရေ​တွေ​ကော ​မြေ​တွေ​ကော ​ပေကျံ​နေပြီ

ရှန့်​ဟွာကို ကြည့်​ရတာ ရွံလူးထားတဲ့ က​လေး​လေးလို

ရှောင်​အာ​ကော ဘာထူးလဲ အတူတူပဲ သူ့ညီမကျ မြင်​​နေကျမို့ ဘယ်​လိုမှမ​နေ

ချစ်လှစွာ​​​သော ဧကရီ~ချစ်လှစွာသော ဧကရီ(Completed)Where stories live. Discover now