အပိုင်း-၂

6.4K 415 0
                                    

Zawgyi

ဝေါယာဉ်​ရပ်​သွား​တော့ ​အော့လီက အ​ရှေ့အကာကို မ​ပေးတာမို့ ဆင်းလာခဲ့သည်

သူမနားကို အ​စေခံ​လေး​ယောက်​ ​​ရောက်​လာ​လေသည်

'ကြင်​ယာ​တော်​ကို ကြိုဆိုပါတယ်​ ကြင်​ယာ​တော်​အတွက်​ မိဖုရားကြီးက အ​ဆောင်​ပြင်​​ပေးထားပါတယ်​ ​နောက်​က​နေ လိုက်​ခဲ့ပါ'

ဒါပဲ​ပေါ့ အိမ်​​ရှေ့စံက​ကော ရှန့်​ဟွာကို လာမကြိုဘူးလား

ခုမှပိုဝမ်းနည်းလာမိသည်

အ​စေခံ​တွေ​နောက်​က​နေ လိုက်​လာမိသည်

'ဒါ ကြင်​ယာ​တော်​​လေးရဲ့ အ​ဆောင်​ပါ'

အ​ဆောင်​က နန်း​တော်​ရဲ့ ​ထောင့်​ကျတဲ့​နေရာမှာ​ပါ

ကောင်းတာ​ပေါ့ ​အေး​အေး​ဆေး​ဆေး​နေရတယ်

အ​ဆောင်​​ရှေ့မှာ ဥယာဉ်​တစ်​ခုနဲ့ ​ရေကန်​ကျယ်​တစ်​ခုပါ ရှိ​နေတာမို​ ရှန့်​ဟွာ သ​ဘောကျသွားမိသည်

'ခု ဘာလုပ်​ရမလဲ'

'ကြင်​ယာ​တော်​​လေးက ​ရေချိုးသန့်​စင်​ပြီး မိဖုရားကြီးကို သွားနှုတ်​ဆက်​ရပါမယ်​'

ဟုတ်​တာ​ပေါ့ ရှန့်​ဟွာ လုပ်​သင့်​တာ​ပေါ့

စိတ်​ထဲက​နေသာ​ပြောပြီး အ​ဆောင်​ထဲဝင်​လာခဲ့သည်

အော့လီကပါ ပါလာတာမို့

'​အော့လီ ငါ့အတွက်​ ​ကောင်းတာလား ဆိုးတာလား'

နန်း​တော်​က အ​စေခံ​တွေ အပြင်​မှာကျန်​ခဲ့တာမို့ စိတ်​ပျက်​လက်​ပျက်​ ​ပြောလိုက်​မိသည်

'မမ​လေး အဆင်​​ပြေသွားမှာပါ'

'အင်း ဟုတ်​မှာပါ'

'ကြင်​ယာ​တော်​​လေး ​ရေချိုးသန့်​စင်​ဖို့ အဆင်​သင့်​ဖြစ်​ပါပြီ'

'ဟုတ်​ပြီ ငါလာခဲ့မယ်​'

ရှန့်​ဟွာ အပြင်​ထွက်​လိုက်​​တော့ အ​စေခံ​တွေက ​ခေါင်းငုံ့​နေကျတာနဲ့

'​ရှေ့က​နေ လမ်းပြ​ပေးပါ'

ဆိုကာမှ ​ရှေ့က​နေသွားကြ​လေသည်

ချစ်လှစွာ​​​သော ဧကရီ~ချစ်လှစွာသော ဧကရီ(Completed)Where stories live. Discover now