19

1.5K 119 2
                                    

Zawgyi

'သမီးတော် သက်သာရဲ့လား'

မင်းကြီးက သူ့သမီးတော် ရှောင်ဖန်ရဲ့ မျက်နှာလေးကိုကြည့်ကာ မေးလိုက်သည်

မင်းသမီး ရှောင်ဖန်က သူမ သလွန်တော်ပေါ်တွင် လဲလှောင်းနေရာမှ မင်းကြီးအသံကြားသောအခါ မျက်လုံးဖွင့်ကြည့်သည်

အဆိပ်က မပြင်းထန်သော်လဲ သူ့ရဲ့ ပထမဆုံးရခဲ့သော သမီးတော်ကို ဆုံးရှုံးရမှာကို သူကြောက်သည်

'ဖခမည်းတော် သမီးတော်ကို လုပ်ကြံတဲ့သူကို သေဒဏ်ပေးပေးပါ'

အခြေအနေကောင်းသွားပြီ ဆိုသော်လဲ ရှောင်ဖန်မျက်နှာက ဖြူဖျော့နေပါသေးသည် နှုတ်ခမ်းတွေဆို ခုထိ သွေးရောင်မရှိသေး

'ဖခမည်းတော် ဒီကိစ္စကို သေသေချာချာစုံစမ်းဖို့ အမိန့်ပေးထားတယ်'

'တရားခံကို မိပြီမလား ဖခမည်းတော် အပြစ်ပေးပေးပါ'

ရှောင်ဖန်ကတော့ အပြစ်ဒဏ် ချပေးရန်သာ တစ်တွက်တွက် တောင်းဆိုနေတော့သည်

'သမီးတော် အနားယူလိုက်ပါဦး'

မင်းကြီးက ရှောင်ဖန်နဖူးလေးကို အသာစမ်းကြည့်ကာ ပြောလိုက်သည်

'သမီးတော်လေ ဖခမည်းတော်နဲ့ တစ်ကယ်ခွဲရပြီ ထင်တာ'

ရှောင်ဖန်က မျက်ရည်များပါ စီးကျလာကာ ပြောလေသည်

'မခွဲရပါဘူး သမီးတော်က ဖခမည်းတော်နားမှာ အကြာကြီး ရှိနေရမှာ အများကြီး မတွေးနဲ့တော့'

ရှောင်ဖန်က ခေါင်းညိတ့်ပြကာ မျက်လုံးတွေမှိတ်ပြီး ပြန်လည်အိပ်စက်သွားလေသည်

မင်းကြီးက ရှောင်ဖန် နန်းဆောင်ကနေ ပြန်လာကာ ညီလာခံသဘင်ကို သွားလိုက်သည်

မင်းသမီး လုပ်ကြံခံရတဲ့ကိစ္စက အမတ်ကြီးတွေကြား အတော်ဂယက်ရိုက်သွားပါသည်

လုပ်ကြံတဲ့သူကလဲ တခြားသူမဟုတ် ကြင်ယာတော် ဖြစ်နေခဲ့သည်

ညီလာခံသို့ ရောက်သောအခါ တရားရုံးတော်က အမတ်ကြီးတွေကို ဆင့်ခေါ်လိုက်သည်

'မင်းသမီး လုပ်ကြံခံရတဲ့ ကိစ္စကို​ လျှောက်တင်စမ်း'

'မှန်လှပါ မင်းသမီး နန်းဆောင်က အစေခံ ပြောတာတော့ ကြင်ယာတော် နန်းဆောင်က မင်းသမီးအတွက် မုန့်ပို့ပေးပါတယ်တဲ့ အဲ့မုန့်မှာ အဆိပ်ပါလာတာပါ အရှင်မင်းကြီး'

ချစ်လှစွာ​​​သော ဧကရီ~ချစ်လှစွာသော ဧကရီ(Completed)Hikayelerin yaşadığı yer. Şimdi keşfedin