Zawgyi
'ဘာကြီး ချန်ကျူ ပြန်ပြောစမ်း ငါနားကြားများ လွဲသွားတာလား'
မျက်လုံးကြီးပြူးပြီး ချန်ကျူကို ပြန်မေးနေသော အိမ်ရှေ့စံ
'အရှင့်သား ကျွန်တော်မျိုး အမှန်တိုင်းပြောနေတာ အရှင့်သားကြားတာ အမှန်ပါ'
သူ့ကို စစ်ရေးစစ်ရာတွေ သင်ပြပေးမှာက နန်းတွင်းက စစ်သူကြီးတဲ့လေ
ဒါကရသေးသည် မရချင်တာက နန်းတွင်းစစ်သူကြီးက ရှန့်ဟွာအကို ရှန့်ရင်လေ
နောက်ဆိုလဲ အမျိုးတော်ရဦးမည် ပြီးရှောင်မင်က နန်းတော်ရဲ့အိမ်ရှေ့စံလေ
ရှောင်မင် ခုံမှာထိုင်နေရာကနေ သလွန်ပေါ်သွားပြီး ပတ်လက်လန်ချလိုက်သည်
'ချန်ကျူရေ ငါ့ကိုကယ်ပါဦးဟ'
'ဟမ် ကျွန်တော်မျိုးက ဘာကယ်ပေးရမှာလဲ'
'ငါ့ကိုသင်ပေးမဲ့သူက တခြားလူမရှိတော့ဘူးလား'
'စစ်သူကြီးက စစ်ရေးစစ်ရာအပြင် တိုက်ခိုက်ရေးပါ အကုန်ပြည့်စုံတယ်လေ ပြီး အရှင့်သားနဲ့လဲ အသက်ချင်းတူတူပဲ'
ချန်ကျူ စကားကြောင့် ဆက်ပြောမဲ့စကားတွေပါ ပြန်ဝင်သွားသည်
အသက်ချင်းတူတဲ့သူက အကုန်ပြည့်စုံနေပြီး သူကျ ဘာဆိုဘာမှ မသိဘူးလေ
မယ်တော် မယ်တော် ငါအရင်ဆရာတွေလို အာဏာပြမှာစိုးလို့ ရှန့်ဟွာအကိုနဲ့ တမင်သင်ခိုင်းတာပေါ့လေ
ရှန့်ဟွာမျက်နှာလေးနဲ့ သူ့ရွှေယောက်ဖ သင်သမျှ ခံရတော့မည်ပေါ့
ရှန့်ဟွာ အဆောင်ထဲတွင်မူ
'အော့လီ နင်ကြားလာတာ တကယ်လား'
ရှန့်ဟွာ အပျော်လွန်နေတာများ မျက်နှာမှာတောင်မဖုံးနိုင်
'မမလေးကလဲ အော့လီ ကြားလာရင် ဘယ်တုန်းက လွဲဖူးလို့လဲ'
BẠN ĐANG ĐỌC
ချစ်လှစွာသော ဧကရီ~ချစ်လှစွာသော ဧကရီ(Completed)
Tiểu thuyết Lịch sửUni တရုတ်နန်းတွင်းပုံစံလေး ရေးထားတာပါ own creationပါ translation လုံးဝမဟုတ်ပါဘူးနော် Zawgyi တရုတ်နန်းတွင်းပုံစံလေး ရေးထားတာပါ own creationပါ translation လုံးဝမဟုတ်ပါဘူးနော်