Zawgyi
ရှောင်အာ စိတ်မကြည်စွာနှင့် ပန်းခြံထဲ ထိုင်နေမိသည်
ကို့ဘာသာ ဘာလုပ်လို့ လုပ်ရမည် မသိ ဖြစ်နေသည်
ဘာဖြစ်ချင်လို့ ဖြစ်ချင်နေမှန်း မသိဆို ပိုမှန်မည်
ရှောင်အာက နန်းတော်ထဲတွင် အတော်လေး အားယားနေသော မင်းသမီး တစ်ပါးပါ
အရင်ကဆို တစ်နေ့တစ်နေ့ ပြသနာမျိုးစုံ မီးမွှေးရှာနေတက်သည်
ရှောင်အာ့ အကိုတော် အိမ်ရှေ့စံမင်းသားကတော့ ပြသနာတိုင်းကို ဒိုင်ခံရှင်းပေးခဲ့သည်
ရှန့်ဟွာရောက်လာတော့ ရှောင်အာ အရင်ကလောက် မဆိုးတော့
ရှန့်ဟွာက သည်းခံကာ ရှောင်အာ့ကို အလိုလိုက်ပေးတာမလို့ လိမ္မာလာခဲ့သည်
ခုတော့ ရှန့်ဟွာကိုလဲ ရှောင်အာ သွားမတွေ့ရဲတော့
ဒီကိစ္စတွေ မတိုင်မီကတော့ ရှောင်အာ မိုးလင်းကနေ မိုးချုပ်သည်အထိ ရှန့်ဟွာနှင့်အတူတူ ရှိနေခဲ့သည်
ခုတော့ ရှောင်အာရဲ့အမ ရှောင်ဖန်ရဲ့ လုပ်ရပ်ကြောင့် ဘယ်မျက်နှာနှင့် သွားတွေ့နိုင်မည်နည်း
အတွေးတွေနှင့်အတူ သက်ပြင်းချကာ ခေါင်းကို ခါရမ်းလိုက်သည်
'ဒီကအမလေး တစ်စိတ်လောက်'
'ဘာလဲ.....'
စိတ်ရှုပ်နေတဲ့အချိန် အမအခေါ်ခံလိုက်ရတာမလို့ ထိုလူကို ရှောင်အာ အော်ပစ်လိုက်သည်
ခုလို မအော်ဖြစ်တာတောင် ဘယ်လောက် ကြာနေပြီလဲ
ထိုလူ့မျက်နှာကို မော့ကြည့်ကာ မျက်စောင်းပါ အဆစ်ထိုးပေးလိုက်သည်
ထိုလူက ယပ်တောင်တစ်ခုကို ကိုင်ထားကာ ရှောင်အာ့ကို တအံ့တဩ ပြန်ကြည့်နေသည်
'မင်း ငါ့ကိုအော်တယ်'
အချိန်ခဏကြာမှ ထိုလူက စကားစပြောလာသည်
'ရှင်က ဘာမလို့ ကျွန်မက မအော်ရဲရမှာလဲ'
ထိုလူက မျက်နှာကို ယပ်တောင်နှင့်ကွယ်ကာ ရယ်သည်
ရှောင်အာ့ရဲ့ ဒေါသတွေကတော့ ထိုလူအပေါ်မှာသာ စုပြုံသွားတော့သည်
![](https://img.wattpad.com/cover/171702903-288-k635998.jpg)
ESTÁS LEYENDO
ချစ်လှစွာသော ဧကရီ~ချစ်လှစွာသော ဧကရီ(Completed)
Ficción históricaUni တရုတ်နန်းတွင်းပုံစံလေး ရေးထားတာပါ own creationပါ translation လုံးဝမဟုတ်ပါဘူးနော် Zawgyi တရုတ်နန်းတွင်းပုံစံလေး ရေးထားတာပါ own creationပါ translation လုံးဝမဟုတ်ပါဘူးနော်