အပိုင်း-၁၂

4.2K 254 25
                                    

Zawgyi

'​ရှောင်​အာ ဘာအ​ရောင်​လိုချင်​လဲ'

ရှောင်​အာက ဝတ်​စုံများကို တစ်​ခုချင်းစီ ကိုင်​ကြည့်​ရင်း

'​ရှောင်​အာ အစိမ်း​ရောင်​ လိုချင်​တယ်​'

ထို​ရောင်​စုံဝတ်​စုံများထဲတွင်​ အစိမ်း​ရောင်​ပါမလာပါ

ရှန့်​ဟွာက​တော့ ​ရှောင်​အာရစ်​​နေပြီဆိုတာ သိလိုက်​ပါသည်

'အဲ့ဒါကကြာလိမ့်​မယ်​ ဒီအပြာ​ရောင်​​လေးပဲဝတ်​လိုက်​ ကြာ​နေရင်​ အကိုက မသင်​​ပေးပဲ ​နေ​နေဦးမယ်​'

ထိုအခါမှ ​ရှောင်​အာက လက်​ခံပြီး အပြာ​ရောင်​ဝတ်​စုံကိုသာ ဝတ်​လိုက်​​တော့သည်

'ဟင်​ ရှန့်​ဟွာလဲ လဲဝတ်​လိုက်​​လေ တူတူသွားရ​အောင်​'

'အဲ.....'

ရှောင်​အာ စကား​ကြောင့်​ ရှန့်​ဟွာ လန့်​သွားသည်

ရှန့်​ဟွာဆိုတာ အမြဲနူးနူးညံ့ညံ့ ငြင်​ငြင်​သာသာပဲ တစ်​သက်​လုံး​နေလာခဲ့တာ​လေ

စစ်​​ရေး​လေ့ကျင့်​ဖို့ဆိုတာ ရှန့်​ဟွာအတွက်​ အ​ဝေးဆုံးမှာသာ ဖြစ်​သည်

'ရှန့်​ဟွာ မလိုက်​ခဲ့ရင်​ ​ရှောင်​အာ မသွားဘူး​နော်​'

ရှန့်​ဟွာ ငြင်းမှာကို ကြိုသိ​နေ​သော ​ရှောင်​အာက ထက်​ပြီးအကြပ်​ကိုင်​လိုက်​သည်

'​ကောင်းပြီ​လေ ရှန့်​ဟွာ လိုက်​ခဲ့ပါ့မယ်​'

ပြောပြီး ရှန့်​ဟွာက အဝါ​ရောင်​ ဝတ်​စုံ​လေးကို လဲဝတ်​လိုက်​​လေသည်

ခု​တော့ သူတို့နှစ်​​ယောက်​ပုံစံက စစ်​သည်​​တော်​​တွေလိုလို မျိုးရိုးမြင့်​သခင်​​လေး​တွေလိုလို ဖြစ်​​နေ​တော့သည်

ရှောင်​အာက ​လေးနှင့်​မြှားကို စိတ်​ကြိုက်​ ​ရွေးယူလာခဲ့သည်

ရှန့်​ဟွာက ဘာ​ရွေးရမည်​မှန်းမသိ ဖြစ်​​နေ​လေသည်

နောက်​ဆုံး​တော့ ဓား​သေး​သေး​လေး​တွေကို ​ကောက်​ယူလာခဲ့​တော့သည်

ချစ်လှစွာ​​​သော ဧကရီ~ချစ်လှစွာသော ဧကရီ(Completed)Onde histórias criam vida. Descubra agora