အပိုင်း ၁

5.5K 271 14
                                    

Uni
============

ကံကြမ္မာဆိုတဲ့ ထူးဆန်းလှတဲ့ စကားလုံးတွေကလေ
တချို့သောသူတွေအတွက် အရမ်းဆန်းကြယ်လွန်းတယ်
တချို့အတွက်ကျပြန်တော့ အရမ်းရိုးရှင်းလွန်းတယ်။

ကျွန်တော့ကံကြမ္မာကတော့ တခြားမရှိတော့သော တန်းတန်းမတ်မတ်ပင် ဘယ်ဘက်နှလုံးသားဆီ လျှောက်လှမ်းလာခဲ့တဲ့ လူသားပတ်ဂျီမင်ပင်။

ကံကြမ္မာ ဇာတ်လမ်းလေးက ရိုးရိုးလေးပဲစပြီး ရှင်းရှင်းလေးပဲ အဆုံးသတ်သွားပေမယ့် ကျွန်တော့်အချစ်ကံကြမ္မာကတော့ဖြင့် မှောင်ဆန်မှုကြင်နာမှုတွေကြား တရုန်းရုန်းနဲ့ ဆန်းကြယ်နေတုန်း....။

*ရိုးလွန်းတဲ့ ဇာတ်လမ်းလေးတစ်ခုကို ကျွန်တော့်အကိုဖြစ်သူကနေ စကာ အရင်းတည်ရအောင်......*

*********
သာယာလှတဲ့ မနက်ခင်းတခု ကျေးငှက်တွေ တွန်းကြူးသံ သစ်ရွက်တွေတစ်ရွက်နဲ့တစ်ရွက်ရိုက်ခတ်သံအပြင် ပြာလဲ့နေသော ကောင်းကင်သည် စိတ်အစုံကို ကြည်လင်စေသည်မှာအမှန်ပင်။

မနက်စောစောအိပ်ယာမှထ မျက်နှာသစ်ပြီး အိမ်အနောက်ဘက်ခြမ်းမှ လိမ္မော်ခြံကို ကြည့်မိတော့ မြက်ပင်တွေက အတော်ကို ရှည်နေပြီမို့ စောစောစီးစီး မြက်ရိတ်စက်ကြီး တကျွီးကျွီးနဲ့ အလုပ်လုပ်ကာ ပင်ပန်းနေ၍ ကြုံတဲ့ လိမ္မော်ပင်အောက်ဝင်နားနေပြီး သဘာဝတရားကို ခံစားနေရသည်။

ဩရှရှ ခေါ်သံလေးကြောင့် သဘာဝတရားကြီဆီမှ အတွေးတို့သည် ထိုအသံပိုင်ရှင်ဆီသို့ ကူးလူးသွားတဲ့အခါ
ယုန်တစ်ကောင်လို နားတို့က စွင့်ပြီးသား။

"ကိုကို.....ကိုကို
ကိုကိုရေ"

မထူးမချင်းအော်ခေါ် နေမည်မှာ မလွဲဧကန်မို့ ပြန်ပြီး အသံပေးရသေးသည်
ဒီကောင်လေး လှမ်းမြင်နေရတာကို အသည်းအသန် ဒါလေးကလည်း ချစ်မွှေးတစ်မျိုးပဲလား။

"ပြောထယ်ထယ် အရေးကြီးလို့လား ဘာလို့ အလောတကြီးတွေ ပြေးလာရတာလည်း"
စိတ်ပူတာပါ ထယ်ထယ်ဆိုတာ သူ့အတွက်တော့ ပိုးသားလို နူးနူးညံ့ညံ့လေးပေမို့။

"ကိုကို့ဖုန်းလာနေလို့ အဲ့တာလာပေးတာ ဟီး"
ပြုံးပြန်သည် ဒါလေးက အချိုသတ်တဲ့အပြုံးလေး ဆွဲဆောင်မှုရှိတဲ့ အပြုံးတွေကိုထားအုံး သူ့မှာ ဒီခပ်သေးသေးအပြုံးလေးကိုပင် ရင်တွင်းဝယ် အသည်းတို့နှလုံးတို့ အမည်ရှိသည့် ကလီစာတို့ရဲ့ လုပ်ငန်းဆောင်တာတွေက အပျက်အပျက်အယွင်းယွင်း။

ကျွန်တော့်ရဲ့ ကံကြမ္မာငယ် || Complete ||Where stories live. Discover now