Chapter - 1

9.7K 767 157
                                    

(Unicode)

တစ်ခုသော နွေဦးဝယ်....

"ဂျောင်ကုကီ........သားငယ်ရေ.....။"

သားဖြစ်သူ၏ အမည်နာမအား တကြော်ကြော်အော်ကာ ဈေး‌ခြင်းတောင်းလေးကိုင်လျက် အဝါရောင် နှစ်ထပ်တိုက်ပုလေးထဲသို့ ဝင်လာသော အမျိုးသမီးတစ်ဦး......။

"မေ...မေ....."

ဧည့်ခန်းထဲရှိ ကောဇောပေါ်ဝယ် အရုပ်လေးများဖြင့် ဆော့နေသော ၅နှစ်အရွယ် ကလေးငယ်သည် မိခင်ဖြစ်သူအား မြင်သောအခါ အရုပ်လေးများကို ပစ်ချရင်း မိခင်ဆီသို့ လှုပ်တုတ်လှုပ်တုတ်ဖြင့် အပြေးလေး သွား၏။

"ရော့...ငါ့သားအတွက် မေမေ ဝယ်လာတဲ့ အရုပ်တွေ....။"

သူမ ထုတ်ပေးလာသည့် ကလေးကစားစရာ ဆရာဝန်နားကြပ်လေးရယ်၊ ဂျူတီကုတ်ပုံစံ အင်္ကျီအဖြူလေးရယ်၊ ဆေးထိုးအပ်လေးရယ်ကို ကလေးငယ်က ပြူးတူးတူးလေး ကြည့်လာသည်။

"ဘာကြီးရဲ...."

"ငါ့သားဆော့လို့ရအောင်လေ...။ ဒီမှာ မေမေပြမယ်။"

မိခင်ဖြစ်သူ၏ အင်္ကျီ ဖြူလေးကို ကောင်လေးကို ဝတ်ပေးကာ နားကြပ်အဖြူလေးကို လည်ပင်းမှာ ချိတ်ပေးလိုက်သည်။

"ကဲ..ဒါကတော့ Dr. Jeon Jung Kookပါရှင့်...။"

ရင်သွေးငယ်အားချီကာ အိမ်ထဲရှိ မှန်ရှေ့မှာ ပြတော့ ရင်သွေးငယ်က တခစ်ခစ်မည်အောင် ရယ်သည်။
သို့ပေမဲ့....တအောင့်အကြာမှာ အင်္ကျီတို့ကို ပြန်ချွတ်ခိုင်းပြီး သူ့မူလ ဆော့ကစားသည့်နေရာမှာသာ သွားထိုင်သည်။ သူ ဆော့သည့် ပစ္စည်းလေးတွေက SuitCase ပုံစံ အသေးလေး‌ရယ်၊ ပြီးတော့ ကလေးဆော့သည့် ငွေစက္ကူအတုလေးတွေရယ်....။

"သားသား....။ ဘာလို့ ဒါတွေပဲ ဆော့ချင်နေရတာလဲ။တစ်ခါတစ်လေတော့ ဆရာဝန် လုပ်တမ်းလေး ဘာလေးဆော့ပါလား။ မေမေ လူနာလုပ်ပေးမယ်လေ။"

အုန်းသီးခေါင်းပုံစံ ခေါင်းလုံးလုံး လေးကို ပွတ်သပ်ရင်း ချော့မေးတော့ ရင်သွေးငယ်က ခေါင်းကို ခပ်သွက်သွက် ခါသည်။

"အာနီးရော....."

"ဘာလို့လဲ..."

"သားက အာပါးလို ဒါကြီး(suitcaseကို ညွှန်ပြပြီး) နဲ့ ဝတ်စုံပြည့်ဝတ်ပြီးပဲ အလုပ်လုပ်ချင်တာ...။ ဒီဟာကြီး(ဆေးထိုးအပ်ကို ပြလျက်) မကိုင်ချင်ပါဘူး။"

𝘿𝘼𝙉𝘿𝙀𝙇𝙄𝙊𝙉 ||COMPLETED||Where stories live. Discover now