Chapter - 6

4.2K 566 121
                                    

(Unicode)

"အန်တီSe Young....။ အန်တီရေ....။"

ခေါ်သံကြောင့် သူမ အိမ်ရှေ့သို့ထွက်လာခဲ့သည်။ မြင်လိုက်ရတာ Jung Kook...။

"ဟယ်..သား။ လန်ဒန်ကို အစည်းအဝေးသွားတာဆို။ ပြန်ရောက်ပြီလား။ ကြာပြီလား သား။ အ‌န်တီလည်း အိမ်ကို မရောက်ဖြစ်လို့။"

"စောစောလေးကမှ ပြန်ရောက်တာပါ အန်တီရယ်။ အထုပ်တွေတောင် မဖြေရသေးဘူး။ ဂျီမင်းအတွက်ရော၊ အန်တီတို့ကိုရော လက်ဆောင်လေးပေးချင်လို့။ ကလေးရော..."

သူမနဲ့သာ စကားပြောနေသည်။ သူမ ဆီမှာ အာရုံမရှိဘဲ အိမ်ထဲသို့သာ ဝေ့ဝိုက်နေသည့် မျက်ဝန်းတွေကြောင့် စိတ်မကောင်းဖြစ်သွားသည်။ သူမတို့သားငယ်က သူ့ ဆန္ဒတွေ အကုန် ရိုက်ချိုးပစ်သွားတာကို ဘယ်လိုပြောရမလဲ။

"အိမ်ထဲ ဝင်ဦး သား...။ အိမ်ထဲမှာ ဆက်ပြောကြတာပေါ့။"

"ခင်ဗျာ...။ အာ...။ ဟုတ်ကဲ့။"

အိမ်ထဲဝင်လာတော့ ဦးလေးParkက သတင်းစာဖတ်နေသည်။

"အာ..ဦးလေး နေကောင်းရဲ့လား။"

"ဟာ...Jung Kookieပါလား။ ပြန်ရောက်တာ ကြာပြီလား သား။"

"အခုပဲ ပြန်ရောက်တာ ဦးလေး။ ကျွန်တော် ဦးလေးတို့ကို လက်ဆောင်ပေးချင်လို့ ချက်ချင်းလာခဲ့တာ။ ကလေးရော..စာ‌မေးပွဲဖြေနိုင်ရဲ့လား။ သူနဲ့ သေချာ အဆက်အသွယ်မရလို့။ ကျွန်တော့်ကို စိတ်ကောက်နေလားမသိဘူး။ Video Callခေါ်မယ်ဆိုတော့လည်း လက်မခံဘူး။ ဖုန်းဆက်တော့လည်း တ‌ရှောင်ရှောင်နဲ့။ သူ့ဘက်ကလည်း စ မခေါ်ဘူး။"

"အင်း.....။ Jung Kookieလို မွေးရကျိုးနပ်တဲ့ သားမျိုး ပိုင်ဆိုင်ခွင့်ရရင် ဘယ်လောက်ကောင်းမလဲ။ ဒါဆိုဒါ ဖြစ်အောင် လုပ်ပေးတဲ့ ကလေးမျိုး၊ မိဘလက်‌နဲ့ရေးတာကို ခြေနဲ့ မဖျက်မဲ့ ကလေးမျိုး Jimin ဖြစ်ခဲ့ရင် ဘယ်လောက်ကောင်းမလဲ။"

သက်ပြင်းချကာ လေးပင်စွာ ပြောလာသော ဦးလေးကြောင့် သူလန့်သွားသည်။ မဟုတ်မှ..ဒီကောင်လေး ဘာတွေ ပြဿနာရှာထားပြန်ပြီလဲ။

"Jimin မရှိတော့ဘူး သား..."

မျက်နှာမကောင်းဘဲ ဝင်ပြောလာသည့် အန်တီကြောင့် သူ့ ရင်ထဲ ထိတ်ခနဲဖြစ်ကာ ပြာ သွားသည်။ ဒါက ဘာကို ဆိုလိုတာလဲ။

𝘿𝘼𝙉𝘿𝙀𝙇𝙄𝙊𝙉 ||COMPLETED||Where stories live. Discover now