Chapter - 9

3.9K 487 93
                                    

(Unicode)

Back to 7 years ago....

ထိုအချိန်က Jimin အထက်တန်း နောက်ဆုံးနှစ်။ တစ်နည်းအားဖြင့် သူ့အသက် ၁၇နှစ်....။

"Jiminရေ.....ဒီနေ့ ငါတို့ကျောင်းကို ချုန်းဟွာ ဆေးရုံက ‌ဆရာဝန်တွေ မျက်စိစစ်ပေးဖို့ လာမယ်တဲ့...။"

Break timeမို့ Taemin တို့ Basketballဆော့သည်ကို ဘေးနားမှာ မုန့်စားရင်း ထိုင်စကားများနေတုန်း  Sung Won က အပြေးလာကာ ပြောသည်။ ရိုးရိုးတန်းတန်းတော့ မဟုတ်။ Jimin လက်ထဲက အအေးဘူးကို လုသောက်ရင်း ပြောလာသည်။

"ချုန်းဟွာ ဆေးရုံ...????"

ဒါ ကိုကို့ ဆေးရုံပဲ။ ကိုကိုများ ပါလာမလား...။

"အင်း...မင်းကိုကို ဆေးရုံမဟုတ်လား...။"

"အင်းဟုတ်တယ်...။ ပါများပါလားမလားမသိဘူး။ ဟီး...."

မသေချာသည့် ထင်မြင်ချက်လေးတစ်ခုနဲ့တင် Park Ji Min တို့ အပြုံးတွေက ‌ထိန်းမရတော့..

"ဟိတ်ကောင်....မင်း သွားတိုက်ဆေးရဲ့ Brand Ambassadorမို့လို့လား။ ပြုံးဖြီးနေတာ..။ သိကြားမင်းရဲ့ အိပ်ခန်းတောင် အဲ့လောက် ပြောင်လက်နေမှာမဟုတ်ဘူး....။"

Taemin က သူ့နောက်ကျောကို ရိုက်ရင်း ပြောလေတော့...

"ဘာဖြစ်လဲကွာ...။ င့ါဘာသာ ငါ့ပါးစပ်နဲ့ ငါပြုံးတာ။ မင်း ပါးစပ်ငှားရတာကျနေတာပဲ။"

"အောင်မာ...။ လူရှေ့သူ့ရှေ့မို့ နည်းနည်းလေး ထိန်းလို့ ပြောတာဟေး....။ မသိရင်....၁၆နှစ်သား ရည်းစားရလို့ ဖြစ်နေတဲ့ ရုပ်နဲ့။"

"ခွေးကောင်။"

Taemin လက်ထဲက Basketballကို လုကာ အဝေးသို့ ပစ်လိုက်ရင်း Taemin၏ ဇာတ်ပိုးကို အုန်းခနဲမြည်အောင် ရိုက်ကာ ထွက်ပြေးလာသည်။ ထိုအချိန်ကတည်းက သူ့ နှလုံးခုန်သံတို့သည် တည်ငြိမ်မှုမရှိလေခဲ့....။

"Ya!!! Park Ji Min!! ဖြည်းဖြည်းသွား..!! ဟိတ်ကောင်!!!"

သူ့ရောဂါအကြောင်းကို သိနေသော သူငယ်ချင်းတို့က သတိပေးပေမဲ့ Taemin ၏ Basketballကစားသမားပီပီ အပြေးမြန်မှုအပြင် မထင်လျှင် မထင်သလို ထ လုပ်တတ်တာကြောင့် အရှိန်မလျှော့ဘဲ နောက်ပြန်လှည့်ကာ လျှာထုတ်ပြပြီး ဆက်‌ပြေးလာသည်။

𝘿𝘼𝙉𝘿𝙀𝙇𝙄𝙊𝙉 ||COMPLETED||Where stories live. Discover now