(Unicode)
မက်မွန်ရောင် ကုတ်အင်္ကျီ၊ မက်မွန်ရောင် pantsဘောင်းဘီအရှည်ကို သပ်သပ်ရပ်ရပ်ဝတ်ထားပြီ အဖျားမှာ ရွှေအိုရောင်အနည်းငယ်ခတ်ထားသော ဆံနွယ်ရှည်တို့ကို ကျောပေါ် ဖြန့်ချကာ တည်တည်ငြိမ်ငြိမ်ရှိလှသော အမျိုးသမီးက Jung Kook နှင့် ရွယ်တူဆိုပေမဲ့ အများကြီး နုငယ်ပုံပေါက်လွန်းသည်။ ကြည်လင်နေသည့် မျက်ဝန်း၊ အမျိုးသမီးတစ်ယောက်ပေမဲ့ သာမန် အမျိုးသားတစ်ယောက်နှင့် ပုခုံးချင်းယှဉ်နိုင်သည့် အရပ်၊ သွယ်သွယ်လျလျ ကိုယ်ခန္ဓာနှင့် အမျိုးသမီးထဲမှာမှ မိန်းမချော တစ်ယောက်ဆိုတာ ငြင်းမရ။ ထက်မြက်ပြီး သွက်လက်သည့်အပြင် ကြင်နာတတ်သည့် အကြောင်းကိုလည်း ကလေးငယ် ဆေးရုံတက်နေစဉ်မှာ Jung Kookအများကြီးသိခဲ့ပြီးပြီမို့ ငယ်ငယ်ရွယ်ရွယ်နှင့် CEOတစ်ယောက် ဖြစ်နေသည့် အရည်အချင်းက သံသယဝင်စရာမရှိ။
"တွေ့ရတာဝမ်းသာပါတယ်။ ကျွန်တော် Jeon Jung Kook ပါ။"
"တွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်မကို သိပြီးသားဖြစ်မှာပါ။ Jimineရဲ့ CEO Min Hae Yoon ပါ။"
လက်ဆွဲနှုတ်ဆက်လိုက်ပြီးတော့ သူမ က couch မှာထိုင်ဖို့ ညွှန်ပြတာကြောင့် Jung Kook ဝင်ထိုင်လိုက်သည်။ သူမ လက်ထဲမှာ စာအိတ်အညိုလေးတစ်အိတ်။ သိပ်မကြာခင်မှာပဲ သူမ၏ secretaryက green tea လာပို့တာကြောင့် စကားမပြောဖြစ်သေး။ Secretaryပြန်ထွက်သွားတော့မှ....
"Jung Kook-shi ကို ကျွန်မ Jiminနဲ့မှမဟုတ်ဘဲ အရင်ကတည်းက ရင်းနှီးနေခဲ့တာပါ။"
စ လာသည့် စကားကြောင့် ကြောင်သွားပြီး...
"Naee..??"
"ထားပါ။ အဲ့အကြောင်းက အရေးမကြီးပါဘူး။ ဘာပဲပြောပြော Jung Kook ရဲ့ ကိုယ်အရည်အသွေး၊ စိတ်ဓာတ်နဲ့ အကျင့်စာရိတ္တတွေကို ကျွန်မ အများကြီးသိခဲ့ပြီးသားပါ။ စုံစမ်းစရာ မလိုလောက်အောင်ပေါ့။"
စုံစမ်းစရာ..???
"Jimin နဲ့ ကျွန်မ နဲ့က မောင်နှမလိုခင်ကြတာ Jung Kook သိမယ်ထင်ပါတယ်။ အမြဲတမ်း သွက်သွက်လက်လက်နဲ့ ကြိုးစားတတ်တဲ့ ကောင်လေးဆီက အများဆုံးပြန်ကြားရတဲ့အထဲမှာလည်း Jung Kook နာမည်က ပါနေတတ်တာမို့ ကျွန်မတောင် တစ်ခါတစ်လေ တွေးမိသေးတယ်။ လောကကြီးက သိပ်ကျဉ်းပါလားလို့လေ..။ ဟားဟား....။"
YOU ARE READING
𝘿𝘼𝙉𝘿𝙀𝙇𝙄𝙊𝙉 ||COMPLETED||