Chapter - 10

4.5K 541 140
                                    

(Unicode)

ဒယ်‌မြောင်းဆေးရုံကို ပြောင်းပြီးနောက်ပိုင်း Jung Kook အလုပ်တွေ ပိုရှုပ်လာတာမို့ မိဘအိမ်ကိုတောင် ပိတ်ရက်တိုင်းမပြန်ဖြစ်တော့။ ဒါပေမဲ့ သူ့ကလေးငယ်၏ သတင်းတွေကိုတော့ နားစွင့်မြဲ စွင့်ဆဲ...။ ကောင်းကင်ထက်က ကြယ်လေးကလည်း တောက်ပမြဲ တောက်ပဆဲ...။ ဇာတ်လမ်းတွဲတစ်ခုကို လက်ရှိမှာ ရိုက်နေသလို မကြာသောကာလမှာလည်း ဂီတနယ်ပယ်ကို ‌ခြေချဖို့ Rumours‌တွေ ထွက်နေသည်။ တစ်ဖက်မှာလည်း ဖြစ်ချင်တော့ Jung Kook ၏ ဒယ်မြောင်းဆေးရုံကို Han Oh Soo ကပါ တာဝန်နဲ့ရောက်လာတော့ သူတို့နှစ်ယောက် အဖော်ရှိသွားသည်။ မဟုတ်လျှင် အခုမှ စ ဝင်သည့် နယ်မြေအသစ်မှာ Jung Kook တစ်ယောက် အနည်းငယ်တော့ ယောင်လည်လည်‌ဖြစ်လှသည်။ ဒါတောင် သူက Specialistတစ်ယောက်ဖြစ်နေပြီ။

"Doctor Jeon...အဲ့တာဆို ပြန်တော့မလို့လား.....။"

သူ့တာဝန်တွေ ပြီးဆုံး၍ Duty ချိန်လည်း ကုန်ပြီမို့ သိမ်းဆည်းကာ ပြန်ဆင်းလာတပြီး Receptionမှာ လက်မှတ်ထိုးရင်း ဖြည့်စရာရှိတာတွေ ဖြည့်နေတုန်း Receptionမှ ကောင်မလေးတွေက နှုတ်ဆက်လာသည်။

"ဟုတ်ကဲ့ဗျာ...."

"ဒီနေ့ စောလှချည်လား...။ ဘာလဲ ကောင်မလေးကို ကြိုစရာရှိလို့လား...။"

"အထင်မကြီးပါနဲ့ဗျာ..။ ကျွန်တော်က တစ်ယောက်တည်းပါ။ အခုကလည်း လုပ်စရာလေးနည်းနည်းရှိလို့ပါ...။"

"ဟားဟား...။ ကျွန်မတို့က စ တာပါရှင်...။"

တကယ်တော့ လုပ်စရာဆိုတာ ထွေထွေထူးထူးရယ်တော့မဟုတ်။ မနက်ဖြန်ဆို ကလေးငယ်၏ ဇာတ်ကားသစ်အတွက် Press Conferenceရှိတာမို့ ကလေးငယ်က ဒီနေ့ညနေ ၅နာရီ Live လွှင့်မည်ဟု သေချာ ပြောထားတာ..။ သူ မမှီလို့မဖြစ်....။

"ဟဲ့....ငါလည်း‌စောစော ပြန်မယ်နော်။ ဒီနေ့ ငါ့သည်းငယ်ရဲ့ Live ရှိတယ်..။"

Receptionမှာ စာရင်းကိုင်မလေး Song ၏ အသံကြောင့် သူ ပြုံးမိသည်။ Ms.Song က ကောင်လေးငယ်၏ PJMsပဲလေ။ ကောင်လေးငယ်ကို ပေးထားသည့် သူမ၏ နာမည်လေးက ထူးခြားသည်။ သည်းငယ်တဲ့...။

"ကဲ...ဒါဆို သွားလိုက်ဦးမယ်..."

"Nae... Doctor Jeon..."

𝘿𝘼𝙉𝘿𝙀𝙇𝙄𝙊𝙉 ||COMPLETED||Where stories live. Discover now