Chapter - 16

3.3K 400 121
                                    

(Unicode)

အဆိုးအဆာလေးရဲ့ ဂျစ်ကန်မှုနောက်မှာ Jung Kookတစ်ယောက် သူ့ကလေးငယ်၏ တိုက်ခန်းဆီသို့ရောက်သွားခဲ့သည်။ ဒီတစ်ညတော့ ကောင်လေးငယ်၏ အိမ်မှာပဲ သောင်တင်ပါတော့မည်။

သူတို့အိမ်ပြန်ရောက်တော့ ၁၀နာရီခွဲပြီးနေပြီ။....

"မနားသေးဘူးလား ကလေး...။ အခန်းပိုရော ရှိရဲ့လား။"

"ကျွန်တော့်အခန်းမှာ လာအိပ်မှရမယ်။ အခန်းပိုက ကျွန်တော့် Fan တွေပေးထားတဲ့ပစ္စည်းတွေနဲ့ လိုအပ်တဲ့ ပစ္စည်းတစ်ချို့ထားထားတော့ ကိုကိုအိပ်ဖို့ အဆင်မပြေလောက်ဘူး။ စတိုခန်းလို ဖြစ်နေတာမို့။"

"ဒီကောင်လေး....။ အဲ့တာကြောင့် ကိုကိုက အိမ်ပြန်ပါ့မယ် ပြောတာကို..."

"ဟီး....."

အိမ်ပြန်ရောက်ရောက်ချင်း Jung Kookကို ခဏထိုင်ခိုင်းကာ ရေသွားချိုးပြီးမှ ထွက်လာသည်မို့ ရေချိုးပြီးစ မျက်နှာလေးက ရှင်းကာ ကြည်လင်နေသည်။ အရင်ကလောက်တော့ အသားက နူးညံ့နေတော့တာမဟုတ်ပေမဲ့ အရင်လိုပဲ ကြည်ကြည်လင်လင်လေးနှင့် ချစ်စရာကောင်းတုန်း..။

"ခေါင်းလျှော်ထားတာလား။ သေချာလည်းမသုတ်ဘူး။"

"သုတ်တော့သုတ်ထားပါတယ်။ ပျင်းလို့။ ဗိုက်လည်းဆာတယ်။ ခေါင်းက မလျှော်လို့ မရဘူး။ ဆံပင်မှာ ကော်တွေကြီးပဲ။ အဲ့တာကြောင့် ကြာနေတာ..။"

"ပေး ကိုကို့ကို တဘက်တစ်ထည်ပေး...။ ကိုကိုသုတ်ပေးမယ်။ ဗိုက်ဆာတာက စားဖို့ရော ရှိရဲ့လား။"

တဘက်တောင်းလိုက်တော့ ကလေးက တဘက်အဝါတစ်ထည်ကို သူ့ဆီလှမ်းပေးရင်း...

"ရှိတယ်ရယ်။ မ‌နက်က Tae Hyung Hyungလာပို့ပေးသွားတဲ့ ရေညှိ ဟင်းချိုရယ်၊ ကင်ချီရယ်၊ သုံးထပ်သားကင်ရယ်နဲ့ပဲ စားလိုက်တော့မယ်။ တအောင့်နေ အိပ်တော့မှာပဲဟာ။ ကိုကိုရော စားပြီးပြီလား။"

"မစားတော့ဘူး။ ကိုကို ဒီ မလာခင်ကတည်းက စားလာခဲ့တာ။"

မနေ့ညက Night Dutyထွက်တော့ ဒီနေ့မနက်ကို အသားကုန်အိပ်ထားတာမို့သာ တော်သေးသည်။ မဟုတ်လျှင် သူ တော်တော်ငိုက်နေမှာ။ အခုတော့ အိပ်ချင်နေတာမှန်ပေမဲ့ အရမ်းတော့မဟုတ်။

𝘿𝘼𝙉𝘿𝙀𝙇𝙄𝙊𝙉 ||COMPLETED||Where stories live. Discover now