Chapter - 13

3.9K 447 39
                                    

(Unicode)

Exactly 12 years ago...

ထိုအခေါက်က Jimin မေမေနှင့် ဖေဖေက Jimin အမေဘက်မှ အဘိုးနာရေးရှိတာကြောင့် Jimin ကို Jung Kookတို့အိမ်မှာ ထားခဲ့ကာ ဘူဆန်ပြန်သွားခဲ့ရသည်။ ပထမရက်တွေက အဆင်ပြေပေမဲ့...၃ရက်မြောက်နေ့မှာတော့ ကျောင်းမှအပြန် မိုးမိရာမှ ဖျားတော့သည်။ ဖြစ်ချင်တော့ Jung Kook ကလည်း ရှေ့အပတ်မှာ Testရှိတာမို့ ဒီကလေးတစ်ယောက်နှင့် ဗျာများတော့သည်....။

*ဟင်း...ဟင်း.....*

အအေးမိပြီး ဖျားတာမို့ အဖျားတက်ကာ ငြီးနေပေမဲ့ စောင်လုံးဝ ခြုံပေးလို့မရ..။ အကုန်ကန်ထုတ်ကာ ကုတင်ပေါ်မှာ ကွေးကွေးလေး..။

"ကျစ်...တကယ်ပါပဲ...။"

Jung Kook ရေပတ်တွေ တိုက်ပေးပေမဲ့ အဖျားက မကျ..။ ဆေးတိုက်ပေမဲ့ တော်တော်နှင့် တိုက်လို့မရ။ ဆေး ၃၊ ၄ လုံးလောက်ကို တစ်နာရီလောက်ကြာသည်အထိ တိုက်ရသည်။ ဒီကြားထဲ ဆေးတိုက်တာ Jung Kook ပုံစံလိုသွားသည်နှင့်ပေါင်းပြီး သောက်ပြီးမှ ပြန်အန်လို့ Jung Kook မှာ အန်ဖတ်လိုက်ကြုံးရပါသေးသည်။ သေချာသည်။ ဒီတိုင်းဆို ‌မနက်ဖြန် ဆေးရုံပြေးရပါလိမ့်မည်။ မိဘတွေမရှိသည့်အချိန်မှာ ဒီလိုထဖြစ်တာမို့ ပိုစိတ်ပူမိကြပေမဲ့ Jung Kook တို့တစ်မိသားစုလုံးက"တာဝန်ဝတ္တရားအရ" ဆိုသည့် စကားလုံးထက်တော့ ပိုခဲ့ကြသည်တော့ အမှန်ပါ...။

*ဒေါက်...* *ဒေါက်...* *ဒေါက်...*

နာရီကြည့်တော့ ည ၁ နာရီထိုးနေပြီမို့ ဒီအချိန်တံခါးလာခေါက်သည်ကို ကြောင်သွားသည်။ တစ်နေကုန် ဒီကလေးက ဖျားနေတာမို့ မေမေတို့လည်း မနားရသေးတာမို့ သိပ်မကြာခင်ကမှ Jung Kook သွားအိပ်ခိုင်းလိုက်တာ...။

"မေမေ...??"

တံခါးသွားဖွင့်ပေးလိုက်တော့ မေမေနှင့်တိုးသည်။

"မအိပ်သေးဘူးလား..."

သူ မေးလိုက်ပေမဲ့...

"ကလေး အဖျားမကျသေးဘူးလား သား.."

မေမေ့၏ စိုးရိမ်တကြီးမျက်ဝန်းများက ကောင်လေးငယ်ဆီသို့သာ ရည်ညွှန်းသည်။

"မကျသေးဘူးမေမေ..။ နည်းနည်းညီးနေတုန်းပဲ..။ ‌ညနေကလောက်တော့ ကိုယ်မပူတော့ဘူး။ မနက်ဖြန် ကျွန်တော် ကျောင်းမသွားတော့ဘူး။ အဖေလည်း ရှိမှာမဟုတ်တော့ မေမေတစ်ယောက်တည်းနဲ့ ဒီကလေးနဲ့ ဆေးရုံသွားလို့ အဆင်ပြေမှာမဟုတ်ဘူး။ ကျွန်တော်လိုက်ခဲ့မယ်။"

𝘿𝘼𝙉𝘿𝙀𝙇𝙄𝙊𝙉 ||COMPLETED||Where stories live. Discover now