Chapter - 12

3.7K 445 49
                                    

(Unicode)

1st September at 0:00AM

*Ring...* *Ring..* *ring...*

နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေခိုက် ဖုန်းမြည်သံက စူးစူးဝါးဝါး ဝင်လာတာကြောင့် သူ အိပ်ချင်မူးတူးဖြင့် ဖုန်းကို ကောက်ကိုင်ကာ နားနားမှာ ကပ်ပြီး...

"Hello..."

"HAPPY 34th BIRTHDAYကိုကို!!!!!! မွေးနေ့မှာ ပျော်ရွှင်ပါစေ။ ကျွန်တော်ဆိုးတာကိုလည်း အများကြီး သည်းခံနိုင်ပြီး ကျွန်တော့်ကိုလည်း ဒီထပ်မက အလိုလိုက်နိုင်ပါစေ!!!!!!!"

နားနားမှာ ဖုန်းတင်ပြီး မျက်လုံးကိုအမှိတ် စူးခနဲ ဝင်လာတဲ့အသံချိုချိုလေး‌ကြောင့် သူ့မှာ မျက်လုံးအပြူးသား..။ အိပ်ယာပေါ်က ဝုန်းခနဲထမိပြီး...နာရီထကြည့်တော့ ၁၂နာရီကွက်တိ။ ဖုန်းဆက်သူကို ကြည့်တော့ ၂ယောက်မရှိသည့် ပတ်ဂျီမင်း..။ နေပါဦး။ ငါ့မွေးနေ့က ရောက်သွားပြီလား...။

"ကိုကို...ပြန်ဖြေဦးလေဗျာ! အိပ်ပျော်သွားပြီလား!! ဂရား.....wishပေးရတဲ့ လူက Feeling out လိုက်တာဗျာ...."

သူ ‌ကြောင်အ, နေခိုက် ဆူဆူအောင့်အောင့် အသံလေးက ထပ်ထွက်လာတာမို့ ရွှေစိတ်တော် ညိုညင်‌မှာ ကြောက်ရတဲ့အခါ...

"Meeyarn...meeyarn....ကိုကို ကြောင်သွားလို့ပါ။"

"အား....ကိုကိုဂေါက်သီး..."

‌အသံလေးကို ဆွဲကာ ပြောနေသော ဒီကြက်ပေါက်စကို ဖုန်းထဲကနေ လှမ်းပြီး မြိုချထားချင်လိုက်တာ။ အရင်တုန်းကတော့ ကောင်လေးကို ယုံလို့ စိတ်ချထားပေမဲ့ အခုတော့ အနည်းငယ်ပြောင်းသွားသည်။ ကောင်လေးကိုက ယုံသည်။ မယုံသည်က အားရင် အားသလို နှိုက်မြည်းသော ကောင်လေး၏ PJMsတွေကို။ အထူးသဖြင့် ဒီကောင်လေးက ချစ်စရာကောင်းအောင် နေသည့်အခါ သူတို့တွေက မြိုချမတတ် ဖြစ်နေတော့ Jung Kook မှာ ကောင်လေးငယ်ကို ဘယ်သူမှမမြင်နိုင်သည့် နေရာမှာ ဝှက်ထားချင်စိတ်က တဖွားဖွား။

"အင်းပါ..။ အင်းပါ...။ ကိုကိုဂေါက်သီးပါ။ ဒီလိုကွာ...ကလေးက ရုတ်တရက်ကြီး ဖုန်းလာဆက်တော့ ကိုကိုက လန့်ပြီးကြောင်သွားတာ...။ "

"အင်း..အင်း...အဲ့တာဆို ကျွန်တော့်ထပ် အရင် ဒီနှစ်အတွက် ကိုကို့ကိုအရင်wish လုပ်တဲ့လူမရှိဘူးမဟုတ်လား။"

𝘿𝘼𝙉𝘿𝙀𝙇𝙄𝙊𝙉 ||COMPLETED||Where stories live. Discover now