Chapter - 22 (Epilogue)

7.6K 486 196
                                    

(Unicode)

ရင်သွေးငယ် တိုက်ခန်းကို ခဏ လာလည်ဖြစ်တာမို့ အခန်းကို သန့်ရှင်းရေးလုပ်ပေးဖို့ရာ သူမ အခန်းထဲ ဝင်လာခဲ့သည်။ ယောက်ျားလေးပေမဲ့ သပ်သပ်ရပ်ရပ် သေသေသပ်သပ် ထားတတ်သည့် သားငယ်က သူမအတွက်တော့ ဂုဏ်အယူရဆုံး ဖြစ်တည်မှုတစ်ခုပါပဲ။ စားပွဲဘက်ကို လျှောက်လာရင်း စားပွဲပေါ်က သူနှင့်သူ့ ကလေးငယ် နှစ်ယောက်တွဲရိုက်ထားသည့် ဓာတ်ပုံလေးတွေကို မြင်တော့ မျက်ရည်ဝဲတက်ရသူက သူမ။ ဖြစ်သင့်တာကို လုပ်ရမည်ဟု ပြောကာ ထွက်သွားခဲ့သည့် သားငယ်ဟာ...ဖြစ်ချင်တာကိုရော သိတော့ပါရဲ့လား။

"အာ...မေမေ...."

တံခါးဖွင့်သံရဲ့နောက်မှာ လှည့်ကြည့်တော့ ရင်သွေးငယ်။ နွမ်းလျလျ သူ့ပုံရိပ်က ပင်ပန်းခဲ့ပြီဆိုသည်ကို ဖော်ပြနေသည်။

"ပြန်လာပြီလား သား...."

သားငယ်ကို လက်ဆွဲကာ သူမကုတင်ပေါ်မှာ ထိုင်လိုက်သည်။ သူမ ထိုင်လိုက်တော့ သားငယ်က သူမ ပေါင်ကို ခေါင်းအုံးကာ တိုးတိုးလေး ဆိုလာသည်က...

"ပင်ပန်းလိုက်တာ မေမေရယ်။"

"အင်း။ မေမေသိတယ်...။ ခဏလောက် နားချင်နားလေ သား။ ဘာမှမပြောနဲ့။ ငိုချင်လည်း ငိုချလိုက်။ မေမေရှိတယ်။ ပြီးမှ သားပြောချင်တာကိုပြော။"

အဆုံးသတ်မှာ ရင်သွေးငယ်ကို တစ်ခြားလူ လက်ထဲ ထည့်ပေးရမည်ဆိုပေမဲ့ ရင်သွေးငယ် ကို အစဦးဆုံး ချစ်ခဲ့ရသည် လူသားက သူမ ပါ။

"မေမေတော့ ကလေးကို မုန်းနေပြီထင်ပါရဲ့...။"

အက်တက်တက်အသံလေးကြောင့် သူမ ပြုံးမိလိုက်သည်။ ရင်သွေးငယ်၏ ဘဝမှာ သူ့ကလေးငယ်က အရာရာဖြစ်နေသည်ဆိုတာ စကားတစ်ခွန်းနဲ့တင် သိသာလွန်းလှချည်ရဲ့။ ဆံပင်တွေကို ရှင်းပေးရင်း....

"‌သား ချစ်တဲ့ လူကို မေမေက မုန်းစရာလား။"

"သူ့ကြောင့် ကျွန်တော် နာကျင်ရလို့ဆိုပြီးတော့ကော မမုန်းဘူးလား။"

"ဒါပေမဲ့ သားက မှားတာကို လုပ်နေတာမှမဟုတ်တာ။ ဖြစ်သင့်တဲ့ လမ်းကို ရွေးချယ်တာလေ။ ပြီးတော့ သားပျော်တယ်မဟုတ်လား။"

𝘿𝘼𝙉𝘿𝙀𝙇𝙄𝙊𝙉 ||COMPLETED||Where stories live. Discover now