Chapter - 8

3.8K 514 75
                                    

(Unicode)

Jimin ဦးလေးတို့နဲ့ အတော်ကြာ စကားပြောပြီး အိမ်ဘက် ပြန်ထွက်လာခဲ့သည်....။ မနက်ဖြန်ဆို သူ ပြန်ရတော့မည်....။ ဒီကြားထဲမှာ ကိုကိုနဲ့ စကားအများကြီးပြောချင်သေးပေမဲ့ မလွယ်လှ...။

*Ring...Ring......Ring.....*

ဖုန်းမြည်သံ ကြောင့် အိပ်ယာပေါ်မှ ထ ကာ ကောက်ကိုင်တော့ သူ့ မန်နေဂျာ Se Jin Hyung..

"Nae... Hyung..။ ဘာကိစ္စရှိလို့လဲ..."

"Jiminရေ...အားနာပေမဲ့လေ.."

Hyungရဲ့ အားတုံ့အားနာ ဖြစ်နေတဲ့အသံကြောင့်

"ပြောပါ hyungရဲ့။ ဘာဖြစ်ပြန်ပြီလဲ..."

စကားဝင်ထောက်ပေးလိုက်တော့မှ...

"ဟို.....CEO အမကို မင်းအတွက် ဇာတ်ကားအသစ် ကမ်းလှမ်းထားတာရှိလို့....။ မနက်ဖြန် တနင်္လာနေ့က စ ပြီး UK ကို အစည်းအဝေး တစ်လလုံးသွားရမှာမို့လို့..."

"အာ.....။"

အဲ့တာဆို သူ အခု ပြန်ရတော့မဲ့ ပုံပဲ...။ နာမည်ကြီး သရုပ်ဆောင်တစ်ယောက်ရဲ့ဘဝက  သိပ်မလွယ်ကူ။

"အဲ့တာဆို ကျွန်တော်ပြန်လာခဲ့မယ်လေ။ ရပါတယ်။"

"Hyung လာကြိုမယ်နော်.."

"Arrnee...ရပါတယ်။ ကျွန်တော့်ဘာသာ ပြန်လာခဲ့မယ်။ မလိုဘူး။"

"အာ..မရဘူး....။ CEO အမက ငါ့ကို သတ်မှာပေါ့။ လာကြိုမယ်။ နောက် ၁နာရီဆို ရောက်မယ် ရမလား။ ပြင်ဆင်ချိန်။"

နောက် ၁ နာရီ ...?? အခုမှ ၃နာရီပဲ ရှိသေးတာ။ နောက်၁နာရီဆို ၄နာရီပေါ့...။

Ent နဲ့ သူ့အိမ်နဲ့က ၁နာရီမမောင်းရပေမဲ့ ပြင်ဆင်ဖို့ သပ်သပ်အချိန်ပေးလိုက်တာကို သူ သဘောပေါက်ပါသည်။ ဒါပေမဲ့...သူက ကိုကို ပြန်လာမှ ပြန်ဖို့ စဉ်းစားထားတာကို.....။ သက်ပြင်းကို ချလိုက်ပြီး...

"ကောင်းပြီလေ။ ကျွန်တော် Readyလုပ်ထားလိုက်မယ်။"

"အင်း...။ ဒါပဲနော်။"

"Nae..."

ဖုန်းချပြီးတော့ သက်ပြင်းကိုချကာ အောက်မှာ မိဘနှစ်ပါးကို အကျိုးအကြောင်းသွားပြောပြတော့ မာတာမိခင်က မနက်ဖြန်အတွက် ပြင်ဆင်ထားသည့် စားစရာများအားလုံးကို ထည့်ပေးထားသည်။ အဲ့အချိန်မှာ Jung Kook မိခင်က မနက်ဖြန် ဘယ်နှစ်နာရီ ပြန်မလဲမသိတာမို့ ညဘက်ကတည်းက လာပေးသည်ဟုဆိုကာ လာပေးတော့ စားစရာတွေကတော့ အကုန် အသင့်ဖြစ်သွားခဲ့လေရဲ့။

𝘿𝘼𝙉𝘿𝙀𝙇𝙄𝙊𝙉 ||COMPLETED||Where stories live. Discover now