(Unicode)
"ပေး....ကိုကို့ကို..."
စားပြီးသောက်ပြီးသွားတော့ ပန်းကန်တွေ သိမ်းရင်း Jung Kook အနောက်မှာ ဆေးကြောနေတုန်း ကလေးငယ်က တီဗီကြည့်နေသည်..။ အားလုံးပြီးတော့ Jung Kook ရှေ့ပြန်လာကာ Jimin ဘေးနားထိုင်ချရင်း သူ့ အိတ်ထဲက တစ်စုံတစ်ခုကို နှိုက်နေသည်။
"ဘာတွေရှာနေတာလဲ။"
"Vaseline..."
"ဟမ်...ဘာလုပ်မလို့လဲ....။"
"ဂစ်တာတီးပြီး ကလေး ဆေးသေချာ မလိမ်းဘူးမဟုတ်လား။ လက်တွေကွဲနေတာ။ ဟိုးတစ်လောက Live မှာလည်း တွေ့လိုက်တယ်။ စောစောကလည်း ခေါက်ဆွဲစားရင်း တွေ့လိုက်လို့။"
"ဟီး..ပျင်းလို့..."
Jung Kook ခေါင်းသာ အသာခါရင်း ဘာမှမပြောတော့ဘဲ ကလေးငယ်၏ လက်တွေကို ဆွဲယူကာ လက်ထိပ်လေးကို Vaseline လိမ်းပေးလိုက်သည်။ ဟိုးငယ်ငယ်လေးကတည်းက အမြတ်တနိုး ဆုပ်ကိုင်ခဲ့ဖူးသည့် လက်နုနုသေးသေးလေးတွေက အနည်းငယ် သန်မာလာသည်ကလွဲလို့ နူးညံ့နေဆဲ..။ ပေါက်ပြဲနေသည့် လက်ထိပ်လေးတွေနှင့်မှ မလိုက်ဖက်စွာ။
"ကိုယ်တိုင်က နာမည်ကြီးတစ်ယောက်ဖြစ်နေပြီး ကလေးက ပေါ့ပေါ့ဆဆ သိပ်နေတာပဲ။"
"ဟီဟိ....။"
သူ လုပ်ချင်တိုင်း လုပ်နေရရင် သိပ်ကိုမှ ပျော်နေသော အဆိုးလေးပါပဲ။
"တော်တော်တီးတတ်နေပြီလား။ လက်သေးသေးလေးတွေက ဂစ်တာကြိုးတွေရော ကိုင်လို့အဆင်ပြေရဲ့လား။"
"အံမယ်...ကျွန်တော့်ကို အထင်သေးတယ်ပေါ့။ အဆင်ပြေတာမှ ဟိုဘက်ကမ်းတောင်လွန်သေး။ ဟီး...နောက်တာ ပထမက ကြိုးမမိလို့ စိတ်ဓာတ်ပါကျတယ်။ အခုတော့...အရမ်းမဟုတ်ပေမဲ့ တိုးတက်လာပါတယ်။ Busကားပေါ်တော့ မဟုတ်ဘူးပေါ့။ ဟီး...။ တီးပြရမလား..။"
"တော်ပါပြီ အဆိုးလေးရယ်...။ အခုမှ ဆေးလိမ်းပေးထားတာကို... Vaselineဗူး ထားခဲ့မယ်နော်။ သေချာလိမ်း...။"
"အွမ်း....။ အသံကတော့ ဟိုးအရင် စ လေ့ကျင့်တဲ့ ဗက်ဗက်ဗက် ဗြောင်း ဗြောင်း ဗြောင်း ဂွမ်း ဂွမ်း ဂွမ်းထက်စာရင် အဆင်ပြေလာပါပြီ ကိုကိုရဲ့။ Chordsပြောင်းတာလည်း လက် တဖြည်းဖြည်း မြန်လာပြီ။"
YOU ARE READING
𝘿𝘼𝙉𝘿𝙀𝙇𝙄𝙊𝙉 ||COMPLETED||