Chapter - 19

3.2K 376 114
                                    

(Unicode)

A few weeks later.....

အတော်‌နေပြန်ကောင်းလာပြီမို့ လာမဲ့ စနေနေ့ဆိုလျှင် Jimin ဆေးရုံက ဆင်းရတော့မည်။ ဒဏ်ရာတွေတော့ အကုန်ပကတိနီးပါး ကောင်းသွားပြီဆိုပေမဲ့ ခြေထောက်ကတော့ ကျောက်ပတ်တီးမဖြေရသေး။‌ ဒီကြားထဲမှာတော့ ရှိသမျှအလုပ်တွေ အကုန် နားထားရ‌တာလေရဲ့။

"စီနီယာ....အဆင်ပြေရဲ့လားဟင်...။"

မျက်လုံးဝိုင်းဝိုင်းလေးများဖြင့် စိုးရိမ်စိတ်ပူစွာ သူ့အားမေးနေသော ကောင်မလေးက Song Eun Ha မှ အပ အခြားမည်သူရှိမည်နည်း။  သက်ပြင်းကို ဖွဖွချကာ..

"ကျွန်တော်အဆင်ပြေပါတယ် Eun Ha-ssi..။ အားနာပေမဲ့ ခင်ဗျားက သိပ်မကြာခင် ပွဲဦးထွက်ရတော့မဲ့လူ။ လူတိုင်းရဲ့ အာရုံစိုက်ခြင်းကို ခံနေရတဲ့ လူတစ်ယောက်အနေနဲ့ Publicမှာ ခဏခဏ လူလုံးပြနေတာ ရှောင်သင့်တယ်လို့ထင်တယ်။ ကျွန်တော် အစစအရာရာ အဆင်ပြေပါတယ်။ ဘာမှလိုလေသေးမရှိပါဘူး။"

"ကျွန်မက စီနီယာ့ကို စိတ်ပူလို့ပါ။ ပြီးတော့...စီနီယာ တစ်ယောက်တည်း ပျင်းနေမလားလို့လေ။"

မပျင်းဘူးလား မေးရင်တော့ ပျင်းပါသည်။ အချိန်ပြည့် သူ့ဘေးနားမှာရှိသည်က သူ့အမေရယ် ကိုကို့အမေရယ်ပဲ ရှိတာ။ ဒါတောင် တစ်ခါတစ်ခါ သူတို့နှစ်ယောက်လုံးအိမ်ပြန်သွားလျှင် Jimin ဘေးမှာ ဘယ်သူမှမရှိ။ အာရုံစိုက်ခံရမှာကို မလိုလားသည့်ကိုကိုကလည်း လိုအပ်သည့်အချိန်ကလွဲလို့ သူ့ဆီမလာ။ ရောက်လာလျှင်တော့ အားသရွေ့နေပေးရှာပါသည်။ သူ့ခမျာ Jimin ဆေးရုံတက်ကတည်းက အိမ်တောင်မပြန်ရတော့။ ညတိုင်း Jiminဘေးမှာ စောင့်ပေးလိုက်၊ Night Duty ဆင်းလိုက်ဖြင့် လုံးချာလည်လိုက်နေရှာတာ အပြစ်လည်းမပြောရက်။ တော်တော်တောင် ပိန်ကျသွားသည်။

"ကျွန်တော်က တစ်ယောက်တည်း နေလာခဲ့‌တာမို့ ပြဿနာမရှိပါဘူး။ အရမ်းကြီးစိတ်မပူပါနဲ့။"

အဲ့အချိန်မှာပဲ တံခါးပွင့်လာတာမို့ ကြည့်လိုက်တော့ ကိုကို...။
လက်ထဲမှာလည်း ဘူးလေးတစ်ခု...

"အာ... Doctor Jeon.."

"Ms.Song ရောက်နေတာလား။"

"ဟုတ်ကဲ့။ လူနာလာကြည့်တာပါ။ Doctorလူနာက ကျွန်မကို အတင်းနှင်ထုတ်နေတော့တာပါပဲ။"

𝘿𝘼𝙉𝘿𝙀𝙇𝙄𝙊𝙉 ||COMPLETED||Where stories live. Discover now