Chapter - 18

3.3K 409 88
                                    

(Unicode)

"ကိုကို ကျွန်တော်ပြန်ရောက်ပြီနော်။"

တစ်အောင့်နေတော့ ဖုန်းဆက်ကာ အသံချိုချိုလေးက သူ့ကို အသိပေးလာသည်။

"Jimin...ကားကိုဖြည်းဖြည်းမောင်းစမ်း။ မင်း မောင်းတာ အနောက်က အရူးသရဲလိုက်တာကျနေတာပဲ။ ဘေးဖြစ်မယ် ဒီကောင်လေးကတော့..။"

"ဟီး..အကျင့်ဖြစ်သွားလို့ပါ ကိုကိုရ။"

"ဘာကိုအကျင့်‌ဖြစ်တာလဲ။ မကောင်းတဲ့အကျင့်ဆိုရင် ပြင်ရမှာ မသိဘူးလား။"

Jung Kook ခပ်မာမာမာန်တော့....

"Meeyarnae....ဆင်ခြင်ပါ့မယ်။"

"ကားမောင်းတယ်ဆိုတာ လွယ်တဲ့အလုပ်မဟုတ်ဘူး။ ရှိသမျှအာရုံအကုန်အလုပ်လုပ်ပြီး သတိကြီးကြီးထားရတာ။ မဟုတ်ရင် မမောင်းသင့်ဘူး။ accidentဖြစ်တတ်တယ် ကလေး..."

"အင်းပါ...အင်းပါ။ ကျွန်တော်သိပါတယ်ဆို။ အဲ့ဒါဆို ဒါပဲနော်။ ဟီး...ထမင်းစားလိုက်ဦးမယ်။"

"အင်း...ထမင်းသေချာစား။ ကိုကိုပေးလိုက်တဲ့ဟင်းတွေကို နွှေးဦးနော်။"

"အင်းပါ။ ဒါပဲနော်။"

"အင်း...သေချာအိပ်။ တံခါးတွေဘာတွေ သေချာပိတ်။"

"အင်း..အင်း....။"

ဖုန်းချသွားပြီး‌မှ Jung Kook သက်‌ပြင်းမောကို မှုတ်ထုတ်မိသည်။ ကြာရင် ဒီကောင်လေးကို စိတ်ပူရလွန်းလို့ သူပဲ နှလုံးရောဂါ ရနိုင်ပါသည်။

ထိုအချိန်က စိတ်ပူစွာ မှာခဲ့မိသော အကြောင်းအရာတစ်ခုသည် သိပ်မကြာမီသောအချိန်ဝယ် အပြောင်းအလဲဖြစ်လိမ့်မည်ဟုတော့ Jung Kookအပါအဝင် မည်သူမျှ သိလိမ့်မည်မဟုတ်။

__________________________________________________________

"Doctor Jeon ထမင်းလာစားတာလား။"

"Nae... Arrjuma...ကျွန်တော့်ကို ထုံးစံအတိုင်းပဲ ထည့်ပေးပါနော်။"

"အင်း..အင်း ရတယ်။"

ဒီနေ့ Night Dutyရှိသည့်မို့ ထမင်းကို ဆေးရုံ canteenမှာပဲ စားဖို့ပြင်ရသည်။ အဒေါ်ကြီးကမ်းပေးလာသည့် ထမင်းပန်းကန်ကို ယူကာ ခုံမှာ သူထိုင်လိုက်သည်။ သူ့မျက်စိရှေ့ ခပ်လှမ်းလှမ်းအမြင့်မှာတော့ TV မှ သတင်းလွှင့်နေသည်။

𝘿𝘼𝙉𝘿𝙀𝙇𝙄𝙊𝙉 ||COMPLETED||Where stories live. Discover now