Chapter - 3

5.3K 579 109
                                    

(Unicode)

"ကိုကို....အဟင့်....အီးဟီးဟီး......."

စာကြည့်နေတုန်း သူ့အခန်းထဲ ဝင်လာကာ ငိုချင်းချလိုက်သော ကလေးငယ်ကြောင့် သူ့ရင်ထဲ ထိတ်ခနဲ...

"ဟ...ဘာဖြစ်တာလဲ Jimin...."

လက်ထဲမှာ တစ်ခုကို ကျစ်ကျစ်ပါအောင်ဆုပ်ထားရင်း ကလေးငယ်က ငိုလျက် သူ့ဆီလျှောက်လာတာမို့ Jung Kook ထိုင်ခုံက ထ ကာ ကလေးငယ်ဘေးမှာ ဒူးထောက်ထိုင်လိုက်သည်။

"ဘာဖြစ်တာလဲ ကလေး။ ဘာလို့ ငိုတာလဲ...။ မငိုနဲ့ကွာ..။ တိတ်..တိတ်...။ ငိုရင် မောနေမယ်။ မငိုနဲ့...။ တိတ်တော့...။ ကိုကို ရှိတယ်။ ကိုကိုရှိတယ်...။ ဘာမှမဖြစ်ဘူး....။

သူ့ကျောကို ဖွဖွလေး ပုတ်ပေးရင်း ပြောတော့မှ တစ်စ တစ်စ အငိုတိတ်သွားသော ကောင်လေး...။

"ကဲ...ဘာဖြစ်လဲ ကိုကို့ကိုပြော...။ ဘာဖြစ်လာတာလဲ။"

"အဟင့်.....။ သွားကျိုးသွားပြီ....။"

"ဟမ်...."

သူ့လက်သီးဆုပ်လေးကို ဖြေပြတာမို့ Jung Kook မှာ ကပျာကယာ ငုံကြည့်တော့ သွားအကျိုးလေးတစ်ချောင်းက လက်ထဲမှာ။ Jung Kookမှာ ငိုရမလား ရယ်ရမလား မသဲကွဲ။

"ကလေးရယ်...သွားကျိုးတာ အဆန်းလား..။ ငယ်ငယ်တုန်းကတည်းက သွားကျိုးတာပဲကို...။"

"ဟင့်....ငယ်ငယ်တုန်းက သွားကျိုးတုန်းက တစ်ချိန်တည်းလိုလို ကျိုးတာကို....။ အခု သွားက ကြီးမှ ကျိုးတာ...။ ဒီအရွယ်ကြီးမှသွားလာကျိုးတာကို သူငယ်ချင်းတွေ ရယ်မှာပေါ့....။ အီးဟီးဟီး..."

"ဟောဗျာ..."

Jung Kook မှာ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ။ ငုတ်တုတ်လေး ကြောင်လျက်သား...။ လူနာတွေဖြင့် စ ထိတွေ့ရပြီဖြစ်သည့် ၂၂နှစ်အရွယ် ဆေးကျောင်းသားက ၁၂နှစ်အရွယ်ကောင်လေးကိုတော့ ဘာမှမပြောတတ်တော့။

"ကဲ...ဒီလိုလုပ်....။"

Jimin လက်ထဲက သွားလေးကို ယူကာ Jung Kookက ဗီရိုထဲမှ ဖန်ဘူးလေးတစ်ဘူးကို ထုတ်လိုက်ပြီး...

"Jimin ကိုကိုတို့ကို တစ်ခါပြောဖူးတယ်မဟုတ်လား။ ကလေးရဲ့ မေမေက က‌လေးလေးရဲ့ သွားပိစိလေးတွေကို သိမ်းထားဖူးတယ်တဲ့..။"

𝘿𝘼𝙉𝘿𝙀𝙇𝙄𝙊𝙉 ||COMPLETED||Where stories live. Discover now