Chapter - 21

3.5K 391 121
                                    

(Unicode)

မထင်ထားသည့် မေးခွန်းကြောင့် ကောင်လေးငယ်က ကြောင်အသွားသည်။ သူ့မှာ ရုတ်တရက် အဖြေမရှိ။ Jung Kook ဘေးမှာ ဒူးတုပ်ထိုင်ရင်း ကောင်လေးငယ်၏ ပါးဖောင်းဖောင်းကို ဖြည်းဖြည်းလေး ကိုင်ရင်း ပွတ်သပ်ပေးမိသည်။ မေးခွန်းတစ်ခုတောင် ဖြေစရာမရှိသည့် ကလေးငယ်က တကယ့်‌လက်တွေ့ကို ရင်ဆိုင်ရသည့်အချိန်မှာ ခံနိုင်ရည်ရှိနိုင်ပါ့မလား။

"ကိုကို ဘာလို့ အဲ့မေးခွန်းကို-"

"အရင်ဦးဆုံး ကိုကိုမေးတာကိုပဲ ပြန်ဖြေပေးမလား။"

"ဟင်..."

"ဖြေလေ ကလေး....."

ကလေးငယ်က သက်ပြင်းကိုတစ်ချက်ချကာ..

"ကိုကိုကျွန်တော့်ကို ယုံသလို ကျွန်တော်လည်း ကိုကို့ကို ယုံတယ်။"

ပြန်ဖြေလာသည့် စကားမှာ သူ့ ရင်ထဲ နင့်ခနဲ......။

"ကျွန်တော်က ကိုကို့ကို အရင်ချစ်တယ်လို့ပြောခဲ့ပေမဲ့ ကျွန်တော့်ကို ကျွန်တော်တောင်သိပ်မမှတ်မိတဲ့ ဟိုးငယ်ငယ်လေးကတည်းက ချစ်ပေးခဲ့တာက ကိုကိုလေ။ ကိုကိုက ကျွန်တော့်ကို နာကျင်စေမှာမျိုးမလုပ်ဘူးဆိုတာ ကျွန်တော်ယုံတယ်။ အကယ်၍များ.....တကယ်...တကယ်ထားခဲ့ရရင်တောင် အရာရာဟာ အကြောင်းတစ်ခုခုအတွက်ပဲ ဖြစ်လိမ့်မယ်။"

"အဲ့လိုဆိုရင် ကလေးကိုကို့ကို စိတ်ဆိုးမှာလား။"

ဒီမေးခွန်းအဆုံးမှာတော့ ကောင်လေးငယ်၏ မျက်ရည်တို့က ပါးပြင်ပေါ် ပိုးပိုးပေါက်ပေါက်စီးကျလာတာကြောင့် Jung Kook လန့်သွားသည်။

"စိတ်ဆိုးမှာပေါ့။ ကျွန်တော့်ကို ထားခဲ့လို့၊ ကျွန်တော့်ကို ငိုစေလို့ သေချာပေါက်စိတ်ဆိုးမှာ။ တကယ်စိတ်ဆိုးမှာ...ဒါပေမဲ့...ဒါပေမဲ့..."

ဆက်‌မပြောနိုင်တော့သည့် ကောင်လေးငယ်ကြောင့် Jung Kook မျက်ရည်တို့ကို အသာသုတ်ပေးကာ သူ့ရင်ခွင်ထဲ ခိုအပ်စေတော့ အင်္ကျီစကို ပြန်ဆုပ်ကိုင်ရင်း...

"ဒါပေမဲ့...အဲ့ဒိအကြောင်းအရင်းက ကျွန်တော့်အတွက်ဖြစ်နေခဲ့ရင်......ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ပိုမုန်းမိမှာ။ အစကအဆုံး ကိုကိုပဲ ကျွန်တော့်ကြောင့် ဒုက္ခရောက်ခဲ့ရတာ မဟုတ်လား။"

𝘿𝘼𝙉𝘿𝙀𝙇𝙄𝙊𝙉 ||COMPLETED||Where stories live. Discover now