Chapter - 15

3.5K 401 107
                                    

(Unicode)

Song Recommendation - I Do by 911 band


အချိန်အကြာကြီး fan တွေနှင့် စကားပြောရယ်မောရင်း ပွဲအပြီးကိုတော့ Birthday Cake လေး ခွဲကာ အဆုံးသတ်ခဲ့သည်။ မိသားစုနဲ့  ချစ်ရသူအနည်းငယ်ရယ်နှင့်ပဲ ပြီးခဲ့သော မွေးနေ့ပွဲတွေမှသည် လူ ထောင်သောင်းများစွာဝန်းရံသော မွေးနေ့ပွဲအထိ ကလေးငယ် ပိုင်ဆိုင်နိုင်ခဲ့သည်။ ဆုတောင်းကောင်းခဲ့သူက မွေးနေ့ပေါင်းများစွာကို မြောက်မြားစွာသော အချစ်တွေဖြင့် ကောင်းကောင်းမွန်မွန် ဖြတ်ကျော်နိုင်ခဲ့လေရဲ့။ မွေးနေ့ပွဲပြီးသွားတော့ လူတွေ တဖွဲဖွဲ ပြန်ကုန်ကြပြီ။ ည၈နာရီ‌ကျော်နေပြီမို့ အပြင်မှာတော့ မှောင်နေသည်။
ကိုယ်တော်လေးက "လာခေါ်မှာမို့ မပြန်ပါနဲ့"လို့ တစ်ချက်လွှတ်
အမိန့်ထုတ်ထားတာမို့ Jung Kook ယောင်လည်လည် ဖြစ်နေတုန်း.....

"Jeon...Jung...Kook...??"

ခပ်တောင့်တောင့် ခပ်ထွားထွား လူတစ်‌ယောက်က သူ့နာမည်ခေါ်သံကိုကြားလိုက်ရတာမို့ သေချာ ကြည့်မိတော့ ကလေးငယ်၏ Manager Se Jin Hyungဆိုသည့်တစ်ယောက်.

"Nae...? ကျွန်တော်ပါ။"

"ID cardလေး တစ်ချက်ပြပါ။"

ID Card လေးပေးလိုက်တော့ ID cardကို Scanဖတ်လိုက်ပုံပါပဲ။ ပြီးသွားတော့မှ...

"Jimin ခင်ဗျားကို ခေါ်ခိုင်းထားတာ သိမယ်ထင်တယ်။"

"ဟုတ်ကဲ့ခင်ဗျ..."

"ကျွန်တော်နဲ့ လိုက်ခဲ့ပေးပါ။"

Manager Se Jin ခေါ်သွားသည့်နေရာကို သူ လိုက်သွားသည်။ နားနေခန်းထင်ပါရဲ့။ သူ ရောက်သွားတော့ အခန်းထဲက ဆိုဖာမှာ ခပ်လျော့လျော့ထိုင်ကာ ဖုန်းလုပ်နေသည့် ကောင်လေးက လွဲ၍ မည်သူမျှမရှိ..။

"အဟမ်း...Jimin..."

"Nae..Hyung...Gomawoo..."

Se Jin က တံခါးကို တစ်ချက်နှစ်ချက်ခေါက်ကာ ချောင်းဟန့်၍ အသံပေးလိုက်ပြီး Jung Kookကိုထားခဲ့သည်။ Se Jinကိုသာ အသံပြန်ပေးပေမဲ့ သူတို့ကိုတစ်ချက်မော့မကြည့်လာဘဲ ဖုန်းကိုသာ အာရုံစိုက်၍ သည်းကြီးမည်းကြီး စာရိုက်နေသော ကလေးငယ်ကြောင့် Jung Kookဘာလုပ်လို့လုပ်ရမှန်းမသိ။ အနှောင့်အယှက်လည်း မပေးရဲတာကြောင့် နံရံမှာထောင်ထားသည့် ဂစ်တာဘေးက ဆိုဖာခုံပုလေးမှာသာ Jung Kook ထိုင်ရင်း ကလေးငယ်ကို ကြည့်နေမိသည်။ ပြင်ဆင်ထားသည့်အဝတ်အစားတွေတောင် မလဲသေးဘဲ စာထိုင်ရိုက်နေပုံ‌ထောက်လျှင် တော်တော်အရေးကြီးလို့ဖြစ်မည်။ ဒါမှမဟုတ်..သူ့ကို Birthday Wishသေချာမလုပ်ပေးလို့ စိတ်ကောက်နေတာလဲ ဖြစ်နိုင်သည်။

𝘿𝘼𝙉𝘿𝙀𝙇𝙄𝙊𝙉 ||COMPLETED||Where stories live. Discover now