Chapter - 14

3.6K 419 76
                                    

(Unicode)

Song Recommendation- A Thousand Years by Christina Perri


"ဟူး....."

အခန်းထဲရောက်မှ Jimin သက်ပြင်းချမိသည်။ အမယ်လေး...။ သူနဲ့ Directory Kim နဲ့သာ ပေါင်းကြံတယ်ဆိုတာ သိရင် နေရာမှာတင် ခေါက်ခနဲဖြစ်သွားမလားမသိဘူး။ တော်သေး။ ဒါ မပြောမိလို့....

"ကိုကိုကတော့လေ...တကယ်ပါပဲ။ စ တောင် စ လို့မရဘူး။"

အလိုမကျစွာ ဆူပုတ်ပုတ်လုပ်ရင်း နှာခေါင်းရှုံ့မိပေမဲ့ တကယ်တမ်း ကိုကို့ဘက်က ပြန်တွေးရင်လည်း မမှားဘူးမဟုတ်လား။ ရှားရှားပါးပါး တစ်ခါတစ်လေလေး မုန့်ထွက်စားရတာမို့ သူလည်း အေးအေးလူလူ စကားပြောချင်ရှာမှာပဲ။ Jiminကသာ အတ္တကြီးသလိုဖြစ်သွားတာ။

*Ring...* *Ring...* *Ring...*

ဖုန်းမြည်လာတာမို့ ကောက်ကိုင်လိုက်တော့ Director Kim..

"Nae..Hyung.."

"အဟမ်း...။ အခုဆို Jimin အဖြေရပြီထင်ပါတယ်။"

"အာ.... Hyungက တော့ လုပ်ပြီ။ ကျွန်တော့်မှာ စ တောင် မစရဲတော့ဘူး။ ကျွန်တော့်ကို စိတ်ဆိုးသွားလို့။ မျက်ရည်ခံထိုးပြီး ပြန်ချော့ခဲ့ရတယ်။"

ဤစကား Jeon Jung Kook သာ ကြားလျှင် ဟက်အတက်ရသွားနိုင်ပါသည်။ မျက်ရည်ခံထိုးပြီး ချော့ခဲ့ရပါသည်တဲ့။ မျက်ရည်လေး ကျပြရုံလေးပဲကိုလေ...။ ပြန်ချော့ခဲ့ရသည်က Jung Kookပဲ မဟုတ်လား။

"ဟမ်...ဟမ်...ဘယ်လိုဖြစ်လို့။ ဘာလဲ သူ့ကို ပစ်ထားပြီး ကိုယ်နဲ့ စကားများနေလို့လား။"

Director Kimအသံက အူမြူးနေပုံပါပဲ။

"ဘယ်ကသာ..။ ကျွန်တော့်ကိုကိုက အဲ့လောက် သဘောထားမသေးပါဘူးဗျ။ ကျွန်တော် စ တာလို့ ပြောလိုက်မိလို့။"

"ဟမ်.."

"Hyungကလည်း နီးနီးလေးနဲ့ ဝေးနေပြန်ပြီ။ တကယ်ပဲ...။ ဒီလိုဗျ။ ကျွန်တော် သူ့ကို ပစ်ထားတယ်ဆိုတာ စ တယ် ဆိုတာမှန်း သိသွားလို့။ အဲ့တာတောင် ကျွန်တော်တို့နှစ်ယောက် ပေါင်းကြံတယ်ဆိုတာမသိဘူး။ သိရင် နေရာမှာတင်ခေါက်ခနဲ ‌လဲသွားနိုင်တယ်။"

𝘿𝘼𝙉𝘿𝙀𝙇𝙄𝙊𝙉 ||COMPLETED||Where stories live. Discover now