Chapter - 17

3.3K 380 74
                                    

(Unicode)

Jung Kook ပြန်သွားပြီးတော့မှ Jimin ဖုန်းတစ်ချက်ပြန်စစ်ရင်း အရှုပ်ထုတ်တွေ မှန်သမျှကို ရှင်းဖို့ကြံရ‌သည်။ မနေ့က ကိုကို့ကို ဓာတ်ပုံပြရင်း ဟိုကောင်မလေး စာပို့တာ မြင်သွားလို့ စိတ်ထဲ သိပ်အဆင်မပြေ။ ကိုကိုက ဘာမှမမေးတော့ ပို‌ဆိုးသည်။ ပို့ထားသည့် စာများကို တစ်ခုချင်းစီ ဖတ်ရင်း Song Eun Haဟု မှတ်ထားသည့် ဖုန်းနံပါတ်တစ်ခုကို ကောက်နှိပ်လိုက်သည်။

"Se...Senior...."

ချက်ချင်းဝင်သွားသောတစ်ဖက်ဖုန်း လက်ခံသူက တုန်ရင်စွာ သူ့ဖုန်းကို လက်ခံလာသည်။

"အင်း...ကျွန်တော်ပါ Jimin..."

မိမိထက် ငယ်သည့်သူများနှင့်ဆိုလျှင်တောင် Seniorပိုကျလျက်နဲ့ Jiminက သူ့ကိုယ်သူ ကျွန်တော်ဟုသာ သုံးလေ့ရှိသည်။

"Se... seniorကျွန်မကို စိတ်မဆိုးပါနဲ့နော်။ အဲ့လို...အဲ့လိုဖြစ်ဖို့ကျွန်မ တကယ်မရည်ရွယ်ပါဘူး။ တောင်းပန်ပါတယ်။ တကယ်တောင်းပန်ပါတယ်။"

"Eun Ha-ssi က တောင်းပန်နေလို့ ပြီးမဲ့ကိစ္စ မဟုတ်ဘူးဗျ။ Eun Ha-ssiရဲ့ ခံစားချက်တွေကို ရပ်တန့်ပစ်လိုက်မှဖြစ်မယ်။ ဒီစကားပြောရတာ ရိုင်းတာမှန်ပေမဲ့..တကယ်လို့သာ ဒီအကြောင်းက အမ Min ဆီရောက်သွားရင် မိုးမီးလောင်လိမ့်မယ်။"

"တောင်းပန်ပါတယ်။ တောင်းပန်ပါတယ်။ တကယ်မရည်ရွယ်ပါဘူး။"

တောင်းပန်စကားသာ တတွင်တွင်ဆိုရင် တအိအိငိုချလာသော တစ်ဖက်မိန်းကလေးကို သူ ဘာဆက်ပြောရမှန်းမသိတော့။

"ကျွန်တော်တို့က မဖြစ်သင့်ဘူး Eun Ha။ ကျွန်တော်ကိုယ်၌ကလည်း EunHaအပေါ် ညီမလေးတစ်ယောက်၊ ဂျူနီယာတစ်ယောက်ထပ် မပိုလို့ တောင်းပန်ပါတယ်။ဒါပေမဲ့..မိန်းကလေးတစ်ယောက်တန်မဲ့ ဒီလိုဝန်ခံရဲတာကို အပြစ်မမြင်ပါဘူးနော်။ မရှက်ပါနဲ့။ ဘယ်သူမဆို နှလုံးသားရှိတဲ့အခါ မခံစားနိုင်တဲ့အဆုံး ပြောမိကြတာပဲလေ။"

ပြောပြောဆိုဆို လွန်ခဲ့သောနာရီပိုင်းကမှ သူ့တိုက်ခန်းက ပြန်သွားတဲ့ လူတစ်ယောက်ကို လွမ်းမိလာသည်။ ကိုယ်ကိုယ်တိုင်လည်း ချစ်ကြောင်း စ ဝန်ခံခဲ့သော သူမို့လို့ ဒီကောင်မလေး၏ ခံစားချက်ကို နားလည်ပါသည်။ ဒါပေမဲ့...ဒီကောင်မလေးကို ပြန်ချစ်ပေးနိုင်သည့် တတ်နိုင်ခြင်းမျိုး သူ့မှာမရှိ။ ရှိလာမည်လည်းမဟုတ်။

𝘿𝘼𝙉𝘿𝙀𝙇𝙄𝙊𝙉 ||COMPLETED||Where stories live. Discover now