Chapter - 5

4.1K 550 55
                                    

(Unicode)

"Kook...."

Dutyချိန်ပြီးလို့ ပြန်မလို့လုပ်နေတုန်း ‌ခေါ်သံကြောင့်‌မော့ကြည့်လိုက်တော့ သူမ...Han Oh Soo....

"Nae.....????"

"ညဘက် အားလား....။ ဆေးရုံဆင်းရင်လေ...။ ကိစ္စရှိသေးလား။"

စားပွဲပေါ်မှာထောင်ထားသည့် ပြက္ခဒိန်လေးကိုတစ်ချက်ကြည့်လိုက်ပြီး...

"မရှိပါဘူး။ အားပါတယ်။ Oh Soo~shi...က ဘာများဖြစ်လို့...."

"Oh Soo~shi...Oh Soo~shiနဲ့ မစိမ်းကားလွန်းဘူးလားဟင်။"

"Nae...??"

"တို့နဲ့ အတိတ်မှာတုန်းက အရင်းနှီးဆုံးလူတွေဖြစ်ခဲ့တာလေ။ ဒါက မစိမ်းကားလွန်းဘူးလားလို့။"

"Oh Soo~shi....။ အတိတ်မှာဘယ်လောက်ပဲ ရင်းနှီးခဲ့ ရင်းနှီးခဲ့ အခု အချိန်မှာတော့ ကျွန်တော်နဲ့ ခင်ဗျားက သာမန် အသိမိတ်ဆွေ လုပ်ဖော်ကိုင်ဖက်ထက် မပိုပါဘူး။ ပြီးတော့ ဒါက အရင်တုန်းကလို ဆေးကျောင်းမဟုတ်ပါဘူး။ ဆေးရုံပါ။ အလုပ်ခွင်ပါ။ ကျွန်တော့်ကို မဟုတ်ရင်တောင် ကျွန်တော့်ရဲ့ အလုပ်ကို လေးစားသော အားဖြင့် Jung Kook လို့ပဲ ခေါ်ပေးပါ။ အများအမြင်မှာ တKook Kookနှင့် မသင့်တော်ပါဘူး။"

သူ ခပ်တင်းတင်းပဲ ပြောတော့ သူမ မျက်နှာက ပျက်ထွက်သွားသည်။

"ကောင်းပါပြီ။ အားနာပါတယ်။ ဒါပေမဲ့ ပြန်တွေ့ကြတဲ့ အထိမ်းအမှတ်နဲ့ ကျွန်မတို့ ညနေ ကော်ဖီသွားသောက်ကြရအောင်လေ။ ကျွန်မတို့တက်ခဲ့တဲ့ ဆေးကျောင်းနားမှာ ဆိုင်သစ် ဖွင့်တယ်ပြောတယ်။ ရှင်က ကော်ဖီကြိုက်တယ်မဟုတ်လား။ ကျွန်မ လိုက်တိုက်ပါ့မယ်။"

ဟိုတစ်နေ့က ကလေးငယ်ပြောသော ဆိုင်ဖြစ်ပါလိမ့်မည်။

"ကျွန်တော်..."

"မငြင်းပါနဲ့။ ဒီနေ့ ညနေ ဘာမှမရှိဘူးလို့ ရှင်ပြောထားတယ်လေ။"

‌သူမက အရင်လို ထက်မြက်ဆဲပါပဲ။ လိုချင်တာကို အရင်ဦးဆုံး အမိအရဖမ်းတတ်သည်။

"ကောင်းပါပြီ။ အဲ့တာဆိုလည်း။"

"ကျွန်မ ကားပါကင်မှာစောင့်နေပါ့မယ်။"

𝘿𝘼𝙉𝘿𝙀𝙇𝙄𝙊𝙉 ||COMPLETED||Where stories live. Discover now