(Unicode)
"မင်မင်စံရေ...."
အဝတ်လှန်းနေသည့် အန်တီ့ကို နှုတ်ဆက်ကာ အိမ်ပေါ်တက်သွားတော့ ကလေးလေးက သူ့အကျင့်အတိုင်း ငြိမ်ငြိမ်လေးပဲ ထိုင်ရင်း ဆော့နေသည်။ သူ ခေါ်လိုက်တော့ မော့ကြည့်လာသည်။
"တိုတို ကျောင်းက ကြန်ရာတာရား..."
ပုံမှန်မြင်နေကျ အိမ်နေရင်းဝတ် အင်္ကျီမျိုးမဟုတ်ဘဲ အရောင်ဆင်တူနှင့် ဒီဇိုင်းတစ်မျိုးပြောင်းသွားလျှင် ဒါ Jung Kook ကျောင်းသွားသည် ဆိုသည်ကို အတတ်လေး Park Ji Min က သိသည်။ သူ့အတွက် ကျောင်းဆိုတာ ဘာမှန်းမသိသေးပေမဲ့ Jung Kook ၏ ကျောင်းတော်ကြီးမှ ပျော်စရာများကို ကြားနေကျမို့လို့ နားယဉ်နေချေပြီ။
"အင်း....။ မင်မင်စံကို ကိုကိုကြွားစရာရှိလို့။"
"ဘာကြီးရဲ..."
Jung Kook လွယ်အိတ်ထဲမှ တစ်စုံတစ်ရာကို ထုတ်ယူလိုက်ပြီး.....
"Ta...Da....da...."
"ဘာကြီးရဲ..."
Jung Kookလက်ထဲက report cardလေးကို ရှေ့က စားပွဲပေါ်တင်ကာ Jiminကို ချီပြီး သူ့ပေါင်ပေါ် တင်လိုက်သည်။ ကလေးငယ်၏ လက်သေးသေးတို့ကို ဆွဲယူ၍ အပေါ်မှ သူ့လက်ဖြင့် အုပ်ကိုင်ကာ Report cardပေါ် ထောက်လိုက်ပြီး...
"ဟောဒိမှာ ဂဏန်းလေးတွေကို တွေ့လား။"
"တွေ့ဒယ်ရေ...တိုတိုတောင် မင်မင့်ကို တင်ပေးထားတို..."
"အွမ်း....ဘာလေးတွေလဲ သိလား။"
အားတိုင်း Jung Kook က တစ်လုံးစနှစ်လုံးစ သင်ပေးထားတတ်တာမို့ ခေါင်းကောင်းလွန်းလှသည့် Park Ji Minက ၁ကနေ ၁၀ထိတော့ ဖတ်တတ်နေချေပြီ။ အင်္ဂလိပ်အက္ခရာမှာ ဆိုလည်း A to Z အထိတော့ သိနေချေပြီ။
"ကိုး နောက်မှာ ငါး ပြီးတော့ အချောင်းရေး တစ်ချောင်း၊ ပြီးတော့ တစ်ချယ် နောက်မှာ တုံည တစ်ရုံး နဲ့.."
"အင်း...တော်လိုက်တာ ကိုကိုက မင်မင်စံ့ကို ဆုချရမယ်။ *မွ*..."
ပါးဖောင်းဖောင်းလေးတွေကို မွှေးကြူလိုက်တော့ ပေါင်ဒါနံ့သင်းသင်းလေးက Jung Kook နှာခေါင်းဝကို ကျီစယ်လာသည်...။ အနံ့တွေထဲမှာ Jung Kook အကြိုက်ဆုံးက သူ့ကလေးငယ်၏ ကိုယ်လုံးလုံးခဲခဲလေးကို မွှေးကြူလိုက်တိုင်း သင်းပျံ့လာသည့် ပေါင်ဒါနံ့လေးပါပဲ။
YOU ARE READING
𝘿𝘼𝙉𝘿𝙀𝙇𝙄𝙊𝙉 ||COMPLETED||