2K 218 58
(Unicode)
Miss me??????💖💖💖💖💖💖
လွမ်းနေကြမယ်ထင်တယ် (မလွမ်းရင်တော့ ရှက်စရာကြီး ဟီး🙈)
ရက်တော်တော်ကြာပျောက်ခဲ့ရလို့ တကယ်အားနာပါတယ်။ စောင့်နေပေးရော စိတ်ပူပေးလို့ရော ကျေးဇူးအများကြီး တင်ရပါတယ်။ ဒါက အရင်ဆုံးပြောချင်တာပါ။
အမှန်တော့ Updateလေးနဲ့ ပြန်လာမလို့ပါ။ ဒါပေမဲ့ Updateမလာခင် ဒီစာလေးကို အရင်ဖတ်စေချင်လို့ သီးသန့်တင်ပေးတာပါ။ ကိုယ်တွေမှာ ကိုယ်တွေကိုယ်တိုင်ပဲ ရှိတဲ့အခါ အနည်းဆုံးတော့
ဒီကောင်မလေး ပေးတဲ့ ချစ်ခြင်းမေတ္တာကို ရစေချင်တာမို့ ချစ်ခြင်းမေတ္တာများစွာဖြင့် လို့ပဲ ခေါင်းစဉ်တပ်ပါတယ်။
ပျောက်နေခဲ့တဲ့ ရက်တွေအတွင်းမှာ အဆန်း Struggleလုပ်ခဲ့ရတာတွေ နည်းနည်းများခဲ့တယ်။ birth monthဟာ ၂၀၂၁ မှာတော့ ရုပ်အပျက်ဆုံးနဲ့ အပင်ပန်းဆုံးဆို ပိုမှန်မယ်ထင်တယ်။ ဒါပေမဲ့ အဆိုးထဲက အကောင်းပြန်ရှာမယ်ဆိုရင် ကျေးဇူးတင်စရာတစ်ခုက အနည်းဆုံးတော့ Birth Monthဟာ ဘယ်သောအခါမှ မရောက်ချင်တဲ့ လ တစ်လ အနေနဲ့ မဖြစ်သွားတာပဲ ကျေးဇူးတင်ရမှာပါပဲ။ (အဲ့လောက်ထိ ဖြစ်ခဲ့ရလို့ပါ)
စာမရှည်ခင် sunနဲ့ sun Famဖြတ်သန်းခဲ့တဲ့ ကိုဗစ်အတွေ့အကြုံလေးကို ပြောပြချင်ပါတယ်။ တကယ်တော့ ဒီစာဟာ covid အတွေ့အကြုံကိုပဲ ပြောပြချင်လို့ သီးသန့်ရေးခဲ့တာပါ။
Sun ၁၀ရက်နေ့ညမှာ စ ဖျားပါတယ်။ တစ်ချိန်တည်းမှာပဲ Fam mem တွေ တစ်ယောက်ပြီးတစ်ယောက် ဖျားပါတယ်။ Memများပြီး Close Type ဖြစ်တဲ့ fam တစ်ခုမို့ တစ်ယောက်ဖြစ်ပြီဆိုတာနဲ့ တစ်အိမ်လုံးကူးပြီဆိုတာ သိသာပါတယ်။ ‌တစ်ယောက်ပြီးတစ်ယောက် ရှေ့ဆင့်နောက်ဆင့် Positiveထွက်ပါတယ်။ ဦးလေးတစ်ယောက်ကလွဲရင် တစ်အိမ်လုံးဖျားပါတယ်။ (test kitအခြေအနေနဲ့ ကိုယ်ကိုယ်တိုင်လည်း ငယ်သလို Sign လည်း သေချာမပြ၊ လူငယ်မို့လို့ recoveryလည်း မြန်မှာမို့ အိမ်က ကိုယ့်ကို မစစ်ဘဲ ဆေးသာ ဖိOnခဲ့ပေမဲ့ ကိုယ်ကိုယ်တိုင် P လို့ပဲ မှတ်ယူခဲ့ပါတယ်။ သူတို့တွေနဲ့ ၁၀ရက်‌မနက်ပိုင်းအထိ အနီးကပ်နေခဲ့တာမို့လို့ပါ)
𝘿𝘼𝙉𝘿𝙀𝙇𝙄𝙊𝙉 ||COMPLETED||Where stories live. Discover now