Chapter - 7

4.1K 522 118
                                    

(Unicode)

ပြောချင်တာ‌‌တွေပြောပြီး ကိုကို့ရှေ့က ထွက်လာခဲ့သည်။ မွန်းကြပ်သည်။ ပြီးတော့...ဒီခံစားချက်ကို သူမုန်းသည်။

"ဟဲ့...ဒီကောင်လေး...။ ဘာဖြစ်လာတာလဲ။.."

‌ခြံဝမှာ ပန်းတွေကို ရေလောင်းရင်း မေးလာသည့် မေမေ့၏ မေးခွန်းများကိုလည်း မဖြေအား။ ‌အိမ်ခန်းထဲပြေးဝင်ကာ ‌တံခါးLockချပြီး အိပ်ယာထက်ရှိ ခေါင်းအုံးပေါ် မျက်နှာအပ်လျက် ရှိုက်ကြီးတငင်ငိုချမိသည်။ မတတ်နိုင်ပေမဲ့....၊ တစ်သက်လုံး မြိုသိပ်ခဲ့ဖို့တွေးခဲ့ပေမဲ့....၊ ကိုကို့ဘက်က ဒီလို ဆက်ဆံမည့်အတူတူ ဘာထူးတော့မှာလဲ။ အနာဂတ်ကို နောက်ထား....၊ ပစ္စုပ္ပန်ကို ရှေးတူရှုရင် သူ မမှားဘူးမဟုတ်လား...။

"Jimin...."

"ကျွန်တော် တစ်ယောက်တည်း နေချင်လို့မေမေ။"

တံခါးလာခေါက်သည့် မိခင်ကို ပြန်ဖြေလိုက်ရင်း Jimin မျက်ရည်တို့ကိုလက်ဖြင့် သုတ်လိုက်သည်။ သူ သိပ်မှားတာမဟုတ်လား။ ကိုကို့ဘက်က သူ့အပေါ်ကို ဖြူဖြူစင်စင်နဲ့ ကာကွယ်ပေးပြီး ချစ်ပေးခဲ့သလောက် သူကတော့ သိပ်ကို ရူးမိုက်ခဲ့တာမဟုတ်လား....။

"Jung Kookieလေးနဲ့ စကားများလာတာလား သား...။ အရမ်းလည်း မငိုနဲ့နော်။ မောနေဦးမယ်...။"

"ဟုတ်ကဲ့ပါ မေမေ....။"

အိပ်ယာပေါ်မှာ ထထိုင်ရင်း ဒူးနှစ်ဖက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ ‌ခြေရင်းရှိ မှန်ပေါ်မှ ထင်ဟပ်နေသော သူ့ကိုယ်သူ ပြန်ကြည့်မိသည်။ မုန်းလိုက်တာ.....။ သိပ်ပျော့ညံ့လွန်းတဲ့ သူ့ကိုယ်သူ မုန်းလိုက်တာ....။

သူ ထိုလူသားအပေါ် ခံစားချက်တို့ပြောင်းခဲ့ပြီဆိုတာကို သိလိုက်တဲ့အချိန်မှာ သူ အထက်တန်းနောက်ဆုံးနှစ်...။

ဒါပေမဲ့....Jimin ခံယူခဲ့သည့် ချစ်ခြင်းတရားက ပကတိရိုးရှင်းခဲ့သည်။

နဂိုကတည်းက အစ်ကိုရင်း တစ်ယောက်လို ချစ်ခဲ့ရတဲ့ ဒီလူသားအပေါ် အရောင်လေးနည်းနည်းပြောင်းသွားတာကလွဲလို့ ပုံစံတွေ ပြောင်းမသွားခဲ့။

ရှိန်နေခြင်း၊ ရှက်နေခြင်းဆိုတာထက် ငယ်ကတည်းက သူ့လက်ပေါ်မှာပဲ ကြီးပြင်းလာခဲ့ရသည့်အခါ ဒီလူသားကို ဖြူစင်သည့် ချစ်ခြင်းတရားထပ် ပိုသည့် ချစ်ခြင်းဖြင့် ချစ်နေသည်ကို လက်ခံလိုက်ရုံကလွဲပြီး ဘာမှ မပြောင်းလဲသွား။

𝘿𝘼𝙉𝘿𝙀𝙇𝙄𝙊𝙉 ||COMPLETED||Where stories live. Discover now