Unicode
"ကြောက်ရမဲ့ တစ်ယောက်က... မင်းပဲဖြစ်သင့်တာ"
ထိုစကားကိုပြောပြီးနောက်
Ran Feng Ge အတော်ကလေးအကူအညီမဲ့စွာ တွေ့ရှိလိုက်ရသည်က An Chen သည် သူ့စကားကို လုံးဝဥဿုံ အဖက်မလုပ်ပါလေ။ သူက ရယ်သွမ်းပင်သွေးလိုက်ပြီး နဂိုက ထိုင်ခုံ၏နံဘေး၌ တွဲလွဲကျနေသော ခြေထောက်နှစ်ချောင်းကို Ran Feng Ge ၏ ခါးတွင် အားဖြင့်ညှပ်ထားလိုက်သည်။ ပြီးလျှင် အပြုံးနှင့် ခွန်းတုန့်ပြန်ပါ၏။
"မင်းကို စိတ်ပျက်စေမိတာ သိပ်ကို စိတ်မကောင်းပါဘူး...ဒါပေမဲ့ ငါ့မှာ ကြောက်စရာဘာအကြောင်းပြချက်မှ မရှိဘူး"ထိုသို့ပြောပြီးနောက် သူက ရုတ်တရက် ခေါင်းကို ငုံ့ကာ Ran Feng Ge၏
နှုတ်ခမ်းကို
ကျွမ်းကျင်သွက်လွက်စွာ ဖမ်းယူပြီး အနမ်းပေးလိုက်သည်။ သူတစ်ပါး၏ နှုတ်ခမ်းကို အဓမ္မလုယက်နေသည့်သလိုမျိုး
ကိုက်လိုက် ဝါးလိုက်လုပ်သည်။An Chen ၏ ခေါင်းရှေ့တိုးလာသည်ကိုမြင်ကတည်းက Ran Feng Ge မြန်မြန်ဆန်ဆန်လှုပ်ရှား၍ သူ၏ခေါင်းကို ဘေးသို့အနည်းငယ်စောင်းလိုက်သော်လည်း ထိုအနမ်းကို အပြည့်အဝမရှောင်တိမ်းနိုင်လိုက်ပါ။
Rang Feng Ge က သူ့တံတောင်ကို ဆွဲထုတ်၍ ပြန်လုံးသည်။ သူ၏ ခက်ထန်သောမျက်ဝန်းများက An Chen ပေါ်မှာ။
An Chen သည် သူတဖန်ပြန်၍ ဖိထားလိုက်သော Ran Feng Ge၏
ဆွနေသလိုဖြစ်သော အကြည့်များနှင့်ဆုံလျှင် ရှေ့ဆက်သွားချင်သည့်ပမာ Ran Feng Ge၏ နှုတ်ခမ်းလွှာကို စိမ်ပြေနပြေ လျက်ပါသည်။ ထို့နောက်
သူ့ကံကြမ္မာကို အရဲကိုးလို၍မဟုတ်သော်လည်း Ran Feng Ge၏ ခါးကိုလွှတ်လိုက်ပြီး တစ်ဖက်လူကိုအား ကောင်းကောင်းမွန်မွန်ထိုင်ခွင့်ပြုလိုက်သည်။ An Chen က
ကိုယ်ကိုလွန့်ကာ ထိုင်ခုံကျယ်ကြီးပေါ်တွင် ကွေးကွေးလေးနေ၍ တံတောင်ပေါ် ခေါင်းမှီလိုက်သည်။ သူ့နှုတ်ခမ်းက နားလည်ရခက်စွာ ကော့တက်နေပြီး သူ၏ အာရုံကို Ran Feng Geအပေါ် စူးစိုက်ထားသည်။
" မင်းက ဘယ်အချိန်တုန်းက အဲသလိုမျိုး
အရက်သောက်ပြီး
ဣန္ဒြေကြီးသွားရတာလဲ?"Ran Feng Ge က ပုခုံးတွန့်လိုက်သည်။
"ငါ ဘယ်သူနဲ့ရှိနေလဲဆိုတဲ့အပေါ် မူတည်တာပေါ့"
YOU ARE READING
လူစားထိုး
ActionTitle: Ti Shen / 替身 Translation: Body Double Translator: Giraffe Corps Author: Bei Tang Mo / 北棠墨 Publisher: LC Read / 連城 Genre: Action, Drama, BL Original Language: Chinese Status: Complete (3 Volumes + Extras) Translation: Ongoing Full credit to o...