Unicode
ဖေဇော်ဂျီလေးတွေက ပုံတွေကို အပေါ်မှာကြည့်ပေးသွားပါနော် 😉
__________😘___________
Living Together
Su Yi Mo၏ ပြတ်သားသော ဘေးတိုက်ကောက်ကြောင်းကို လှည့်ကြည့်ရင်း ယခုထက်တိုင် Ran Feng Ge အံသြနေမိသည်။ ဤလိုနည်းဖြင့် သူတို့၏ ပတ်သတ်မှုကို အပြင်လူများထံ Su Yi Mo ကကြေငြာလိုက်သည်။ သူက လုပ်ရဲလျှင် ခံရဲသည့်လူစားဖြစ်သည်မှာ လုံးဝ
သေချာသည်။ သူ့ချစ်သူ တိုက်ခိုက်ခံရသောအခါ တိုက်ခိုက်သူများ ရှုပ်ထွေးသွားစေရန် လူစားထိုးတစ်ယောက်ကို ချက်ချင်းငှားခဲ့သည်။ တစ်ချိန်တည်းမှာပင် နောက်ထပ်ရောက်လာမည့် အန္တရာယ်များကိုရှောင်ရှားရန် သူ့ချစ်သူကို လုံခြုံသည့်နေရာသို့ ပြောင်းရွှေ့ခဲ့၏။ ထို့အပြင် လိင်တူစုံတွဲတစ်တွဲ၏အပေါ်ကျရောက်လာမည့် ဖိအားများကိုလည်း သူ့ချစ်သူနှင့်အတူ ပုခုံးထမ်းယူရန် မကြောက်။ခင်ဗျားတို့ပြောလေ့ရှိသည့်
'တကယ့်ယောက်ျား' ဆိုသည့် လူစားပင်။ရုတ်တရက် စိတ်လှုပ်ရှားမှုများ တလိပ်လိပ်တက်လာသည်ကို Ran Feng Ge ခံစားလိုက်ရပြီး မတတ်နိုင်ဘဲ သက်မမောကိုချမိသည်။ Su Yi Mo ၏ ချစ်မြတ်နိုးမှုကို
ခံရသည့် Jing Qiu Han... ကျိန်းသေ သိပ်ပျော်မှာပဲနော်?"သူရော...အဆင်ပြေရဲ့လား?"
မရည်ရွယ်ဘဲ Ran Feng Ge သည် တားမြစ်အကြောင်းအရာကို ချိုးဖောက်လိုက်မိသည်။
စတီယာရင်ပေါ်က Su Yi Mo ၏ လက်နှစ်ဖက်မှာ မသိမသာ တင်းကျပ်သွား၏။ သို့သော် ဦးတည်ရာလမ်းကိုမူ သူ အာရုံစိုက်မောင်းနေ
ဆဲဖြစ်ပါသည်။တစ်ဖက်လူမှာ ဘယ်အခါမျှ တုန့်ပြန်
ဖြေမည်မဟုတ်ဟု Ran Feng Ge တွေးနေစဥ်တွင် Su Yi Mo ကပျော့ပျောင်းစွာ ဆိုလာသည်။"ကျည်ဆန်က သူ့ရင်ဘတ်ကို ဖောက်ဝင်သွားတာဆိုတော့ အတော်လေးပြင်းထန်တယ်။ အဲဒါက နှလုံးရော အဆုတ်တွေရောကို သွားထိခိုက်ပြီး...သူ ပြန်ပြီး နာလန်ထူနိုင်ဖို့ဆို အချိန်အများကြီး လိုလိမ့်မယ်။ အဲဒါကြောင့် မင်းနဲ့ အနည်းဆုံးတစ်နှစ် စာချုပ်ချုပ်ရတာ။ တစ်နှစ်ဆိုတဲ့အချိန်က သူ ပြန်ကောင်းလာဖို့ လုံလောက်မယ် ထင်ရတာပါပဲ"
YOU ARE READING
လူစားထိုး
ActionTitle: Ti Shen / 替身 Translation: Body Double Translator: Giraffe Corps Author: Bei Tang Mo / 北棠墨 Publisher: LC Read / 連城 Genre: Action, Drama, BL Original Language: Chinese Status: Complete (3 Volumes + Extras) Translation: Ongoing Full credit to o...