Unicode
Spring Dream
"မင်း...အရမ်းတော်တယ်"
ဤသို့ ချီးကျူးမှုမျိုးကို Ran Feng Ge ယခင်ကလည်း အကြိမ်များစွာ ကြားဖူးသည်။ သို့သော် Su Yi Mo ဆီမှ ကိုယ်တိုင်ကိုယ်ကျ ကြားလိုက်ရလျှင် ယခင်နေ့များက သူ၏ အားစိုက်မှုများသည် နောက်ဆုံးတွင် ထိုအမျိုးသား၏ အသိအမှတ်ပြုခြင်းကို ရခဲ့ပြီဟု သဘောပေါက်မိ၏။
ကျေနပ်မှုတစ်ဝက်၊ ကိုယ့်ဘက်ကိုယ်ယက်မှုတစ်ဝက် ဖြင့် Ran Feng Ge သူ၏မျက်ဝန်းများကို မှိတ်လိုက်သည်။
မကြာခင်အခိုက်အတန့်က တံခါးမှနေ၍ အရိပ်တစ်ခုကို သူလည်း ရိပ်ခနဲမြင်လိုက်ရသည်။ သူ ခန့်မှန်းတာ မှန်မည်ဆိုပါလျှင် ထိုဟာသည် Su Yi Mo၏ ရန်သူလွှတ်လိုက်သော စပိုင်တစ်ဦးဖြစ်ရမည်။ သူ၏ အရေပြားပေါ်တွင် Su Yi Mo၏ လက်ဖဝါးမှ ချန်ခဲ့သည့် ရစ်ဝဲနေဆဲနွေးထွေးမှုကလေးကို ခံစားနေရဆဲ ဖြစ်သည်။ Ran Feng Ge၏ နှုတ်ခမ်းထောင့်စွန်းကလေးများက ကော့တက်သွားပြီး သိမ်မွေ့သည့်အပြုံးတစ်ခု ထွက်ပေါ်လာသည်။ Su Yi Mo ကား ရေခဲတမျှအေးစက်သည့်ပုံပန်းရှိသော်လည်း သူ၏ ခန္ဓာကိုယ်ကတော့ အတော်လေးပူနွေးသည်။
Ran Feng Ge သည်
ဂွမ်းကပ်ပေါ်မှတဆင့် သူ၏ ဝမ်းဗိုက်ကို ခပ်ဖြည်းဖြည်းပွတ်သည်။ သူ့အပေါ် Su Yi Mo မိုး၍ဖိခဲ့သည့်အချိန်ကို ပြန်တွေးမိလျှင် သူ မတတ်နိုင်ဘဲ တုန်ယင်မိသည်။ထို့နောက် သူ၏ အတွေးက Su Yi Moနှင့် Jing Qiu Han တို့ တစ်ဦးနှင့်တစ်ဦး 'ဟိုလိုသည်လို ' လုပ်ကြသည်များအထိ အမျှင်တန်းသွားမိ၏။ သူတို့သည် ဝံပုလွေများ၊ကျားရဲများတမျှ သိပ်ကိုရက်စက်ကြမ်းကြုတ်ကြပေမဲ့ လောင်မီးပမာ ရမ္မက်လည်းကြီးလောက်သည်။ Ran Feng Ge တုန်ယင်မှုကို မထိန်းချုပ်နိုင်..။
ထို့နောက်_____အံ့အားသင့်မှု နှင့်အတူ သူ၏မျက်ဝန်းများ ချက်ချင်းပြူးကျယ်သွားသည်။ Su Yi Mo က မိမိနှင့် ဤလို အရာမျိုးတွေတော့ မလုပ်လောက်ပါဘူး၊ ဟုတ်တယ်မလား..?
ဘုရားရေ...မရဘူးနော်။
သူ၏ အစာအိမ်ကြောင့် တစ်ညလုံးနာကျင်ခဲ့ရ၍ ဖြစ်ကောင်းဖြစ်မည်။ ယခု Ran Feng Ge မှာ အလွန်ပင်ပန်းနေပြီး မျက်လုံးက ပွင့်သည်ဆိုရုံသာပွင့်လာပြီးနောက် မျက်ခွံတို့ နောက်တစ်ကြိမ်ပိတ်ကျသွားကာ လျင်လျင်မြန်မြန်အိပ်မောကျသွားတော့သည်။
YOU ARE READING
လူစားထိုး
ActionTitle: Ti Shen / 替身 Translation: Body Double Translator: Giraffe Corps Author: Bei Tang Mo / 北棠墨 Publisher: LC Read / 連城 Genre: Action, Drama, BL Original Language: Chinese Status: Complete (3 Volumes + Extras) Translation: Ongoing Full credit to o...