Unicode
Vol 2 Ch 10 That Night
____________________
လန်ခွမ်း၏ စိတ်ထဲတွင် ထိုညမှာ မေ့မရစရာပင်။
သူကား အမြဲလိိုလို ထောင်လွှားကာ စိတ်ကြီးဝင်သူဖြစ်သော်ငြား ထိုညတွင် သူ့ထက်ပင်ပိုသော တစ်စုံတစ်ယောက်နှင့်ဆုံခဲ့ရသည်။
ထိုပုဂ္ဂိုလ်နှင့်ဆုံစဥ်က ထိုသူ့ထံတွင် သူတို့ကို သိမ်းပိုက်ရန် ထိန်းမနိုင်သိမ်းမရသောဆန္ဒတို့ ကြီးစိုးလွှမ်းမိုးနေပြီး သူတို့ကို မရမကတောင်းဆိုနေသလိုလို။
ထိုည...
စီးပွားဖက်အနည်းငယ်နှင့် တွေ့ဆုံခဲ့ပြီးနောက် လန်ခွမ်း သူ၏ခေါင်းကိုရှင်းရန် လသာဆောင်သို့တက်၍ ပြတင်းတစ်ချပ်ကိုဖွင့်လိုက်သည်။
ပွဲတွင် သူ များစွာသောက်ခဲ့မိသည်။
သူ၏ နားသယ်များကို ပွတ်ရင်း
ကပွဲတွင် လုံးထွေးဆဲဖြစ်သည့်လူများကိုကြည့်ကာ အထင်တသေးပြုံးမိသည်။အောက်တွင်ကနေသည့် လူများအားလုံးမှာ တစ်ညတာအတွက် တစ်စုံတစ်ယောက်ကို သဲကြီးမဲကြီးရှာဖွေနေကြပြီး သူတို့၏ ရုန့်ရင်းသောအမူအရာများက ထင်းထင်းကြီးဖြစ်ကာ အမြင်မတော်ဖြစ်နေသည်ကိုပင် နည်းနည်းမျှ ဂရုမစိုက်။ ရုပ်ဆိုးလှသည့် မြင်ကွင်းပါပေ။
သူ၏ အလုပ်က ပြီးသွားပြီဖြစ်ရာ လန်ခွမ်းတွင် ဆက်နေနေစရာ အကြောင်းတစ်စုံတရာမရှိ။
လှည့်ထွက်တော့မည့်ဆဲဆဲတွင်
ကပွဲထံမှ သြဘာပေးသံတစ်ခုကိုကြားလိုက်ရသည်။ ဂီတသံက ခြေလှမ်းသွက်သွက်လှမ်းရသည့်တေးမျိုးသို့ ပြောင်းလဲသွား၏။ လန်ခွမ်းမှာ ထိုသို့သော ဂီတအမျိုးအစားကို စိတ်မဝင်စားသည်ဖြစ်ရာ သီချင်းကို အမည်ကိုလည်း မသိပါ။ သို့သော်လည်း နားထောင်လိုက်ရုံဖြင့် သူ၏သွေးများ လှုပ်ရှားခုန်ပေါက်လာသလို ခံစားလိုက်ရသည်။ချက်မှန်မှန်သွားနေသော နာရီတစ်လုံးကဲ့သို့ တီးလုံး၏ ပြင်းထန်သော စည်းသံက အခန်းတစ်ခုလုံး ခုတ်မောင်းနေသည်နှင့်အမျှ သြဘာသံများက
ပို၍ပို၍ကျယ်လာသည်။လန်ခွမ်းငုံ့ကြည့်လိုက်၏။
နတ်ဆိုးမျက်နှာဖုံးကို ဝတ်ဆင်ထားသောယောက်ျားတစ်ယောက် ကပွဲ၏အလယ်တွင် ဖြည်းဖြည်းမှန်မှန်ကနေလေသည်။
YOU ARE READING
လူစားထိုး
ActionTitle: Ti Shen / 替身 Translation: Body Double Translator: Giraffe Corps Author: Bei Tang Mo / 北棠墨 Publisher: LC Read / 連城 Genre: Action, Drama, BL Original Language: Chinese Status: Complete (3 Volumes + Extras) Translation: Ongoing Full credit to o...