Unicode
Chapter 42
Unrelated to Ran Feng Ge
___________________________Lan Kuang ၏ဓာတ်ပုံများ သူတို့ရှေ့မှောက် တသီတတန်းပေါ်လာသည်။ အချို့ပုံများတွင် ထိုသူက နေကာမျက်မှန်တပ်ထားပြီး နားလည်ရခက်၍ ချဥ်းကပ်ရန်မလွယ်ကူပုံပေါ်သည်။ အခြားပုံများတွင်မူ သေနတ်ပစ်ဖောက်ကာ အဟန့်ကောင်းသောပုံ ပေါက်လျှင်ပေါက်..မဟုတ်လျှင် သူ၏ရှေ့မှောက် ပြားပြားဝပ်နေသည့် တစ်စုံတစ်ယောက်ကို မောက်မောက်မာမာတက်နင်းသည့်အခါ နင်းနေသည်။
"ဟေး..နေဦး"
တစ်စုံတစ်ခုကို ရှာတွေ့သွားသဖြင့် Cheng Xi Ran ၏မျက်လုံးများ ဝင်းလက်သွားသည်။
Lan Kuang ၏ရင်ခွင်ထဲတွင် ထွေးပိုက်ခံထားရသည့် အမျိုးသားတစ်ယောက်၏ ပုံကို Cheng Xi Ran ကထိုးပြသဖြင့် စာမျက်နှာကိုအောက်သို့ဆွဲချနေခြင်းမှ Mi Le ရပ်လိုက်၏။
"သူ့ကို ရင်းနှီးမနေဘူးလား?"Mi Le ဦးနှောက်ခြောက်အောင် စဥ်းစားလိုက်ပြီးနောက် သူမ၏ နီထွေးသောနှုတ်ခမ်းတစ်စုံက ပြုံးသွားသည်။
"သူက ရေပန်းစားနေတဲ့ သရုပ်ဆောင် Jing Qiu Han လေ""ဒီတစ်ယောက်ရောပဲ"
Cheng Xi Ran က ချောင်ကပ်နေသော Lan Kuang နှင့် အတူညစာ စားနေပုံရသည့် တစ်စုံတစ်ယောက်၏ပုံကို ထိုးပြသည်။
Mi Le က ဓာပုံကို ပုံကြီးချဲ့လိုက်ပြီး အဖြေမပေးခင် ခေတ္တစစ်ဆေးလိုက်သည်။
"သူက An မိသားစုရဲ့ သခင်လေး..An မိသားစုဆိုတာ အမေရိကားမှာ သြဇာလွှမ်းမိုးမှုရှိတယ်လို့ သတ်မှတ်နိုင်တယ်။ အဲဒီမိသားစုရဲ့ သခင်လေး""ဟေး..လွန်ခဲ့တဲ့နှစ်နှစ်က အမေရိကားမှာ Feng Ge အလုပ်လုပ်ခဲ့တာမလား? အဲဒီတစ်ကြိမ်မှာပဲ ဒဏ်ရာတွေအကြီးအကျယ်ရခဲ့တာလေ"
Cheng Xi Ran က ကျန်နေသေးသလို ခံစား၍ ထပ်ပေါင်းပြောသည်။
"အမဲလိုက်သိမ်းငှက်...An မိသားစု...အဲဒီကောင် ဒီတစ်ကြိမ် တိတိကျကျ ဘယ်လိုရူးနှမ်းတဲ့ အလုပ်မျိုးကို လက်ခံခဲ့တာလဲ?"Mi Le သူမတို့ရှာဖွေထားသည့် အချက်အလက်အားလုံးကို ဖျက်လိုက်ပြီး ကွန်ပျူတာကို စကင်န်ဖတ်လိုက်သည်။ သူမ၏လှုပ်ရှားမှု များကို မည်သူတစ်ဦးတစ်ယောက်မျှ ခြေရာခံ၍မရရန် သူမလုပ်ထားသည့် လုံခြုံရေးအစီအမံများ အလုပ်လုပ်မလုပ် သေချာအောင်စစ်ဆေးပြီးနောက် ကွန်ပျူတာကို ပိတ်လိုက်သည်။
သူမက လက်ကိုပိုက်ကာ ကောင်တာ ကိုမှီလိုက်ပြီး နဖူးကြောကို တင်းတင်းကြုံ့ထားသည်။
"ငါတို့ ဘယ်လိုတွက်ရမလဲ? သူ့ရဲ့ လက်ရှိအလုပ်က ဓာတ်ပုံထဲကနှစ်ယောက်နဲ့ တစ်စုံတရာပတ်သတ်မှုရှိတယ်လို့ ထင်လား? "
YOU ARE READING
လူစားထိုး
ActionTitle: Ti Shen / 替身 Translation: Body Double Translator: Giraffe Corps Author: Bei Tang Mo / 北棠墨 Publisher: LC Read / 連城 Genre: Action, Drama, BL Original Language: Chinese Status: Complete (3 Volumes + Extras) Translation: Ongoing Full credit to o...